ရန်ကုန်၊ မတ် ၃၁
စစ်ကိုင်းတိုင်း၊ စလင်းမြို့နယ်ရှိ ကံပြားရွာနှင့် သစ်ခေါက်တောင်ရွာ အပါအဝင် ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ နေပြီး ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက် ပိုင်းမှ စတင်၍ စလင်းမြို့နယ်ရှိ ကံပြားရွာနှင့် သစ်ခေါက်တောင်ရွာအပါအဝင် ကျေးရွာ ၄ ရွာခန့်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ကံပြားရွာနဲ့ သစ်ခေါက်တောင်ရွာ အပါအဝင် ကျေးရွာ ၄ ရွာလောက်ကို စစ်ခွေးတွေ လေယာဉ်နဲ့ ဗုံးကျဲနေတာပါ။ အခုအထိလည်း ကျဲနေတယ်လို့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှုကတော့ ရှိတယ်။ ဘယ်နှဦးထိတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ အခုလက်ရှိထိ ကျဲနေတုန်းပဲ” ဟု ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ မတ်လ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်အချိန် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ဂိတ်အချိန်းအပြောင်းပြုလုပ်ရန် ထွက်ခွာလာသော စစ်တပ်ကို ရိုးမပတ်လမ်း တစ်နေရာ အရောက် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲပစ်ခတ် တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား အများ အပြား သေဆုံးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီဘက်မှ နောက်ချန်အင်အားအများအပြားရောက်ရှိလာပြီး လက် နက်ကြီးများဖြင့် ပြန်လည်ပစ်ခက်တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ အထိခိုက်မရှိပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ် (တောင်တွင်းကြီးမြို့နယ်) ၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ်) ၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်တွင်းကြီးမြို့နယ်) နှင့် မကွေးပျောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၂ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
