ဒီကနေ့ မတ် ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေပြည်တော်က သမ္မတအိမ်တော်အပါအဝင် အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ရုံးနဲ့ ဝန်ကြီးဌာနရုံးတွေ ပြိုကျပျက်စီးသွားတ့အတွက် အကြမ်းဖက် မင်းအောင်လှိုင်၊ စိုးဝင်းနဲ့ ဝန်ကြီးတွေဟာ ဖြစ်သလို အစည်းအဝေးလုပ်နေရပြီး စိုးဝင်းက အစိမ်းရောင်တာလပတ်ကာပြီးတော့ အစည်းအဝေးလုပ်ရတဲ့ အခြေအနေ ဖြစ်သွားတယ်လို့ နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းမြို့က ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးကို မလေးရှား SMART အဖွဲ့က စတင်နေပြီလို့ ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာပဲ အဲ့ဒီ့ Smart ကယ်ဆယ်ရေးအဖွဲ့ကနေ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
- မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေကို နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေး တွေလုပ်နေတဲ့အချိန် အကြမ်းဖက် စစ်ကောင်စီကတော့ ငလျင်ဘေးကူညီရေးလို့ပြောပြီး စက်မှုဇုန် တစ်ခုကို ငွေကျပ်သိန်း ၂၀၀ မဖြစ်မနေပေးရမယ်ဆိုပြီးတော့ကို အတင်း အဓမ္မလိုက်တောင်း နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
