26 C
Yangon

စစ်ကိုင်းမြို့၊ စွယ်တော်နန်းတည်းခိုးခန် ပြိုကျမှုတွင် ၆ ရက်ကြာ ပိတ်မိနေသော အမျိုးသား ၁ ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်

Must read

ရန်ကုန်၊ ဧပြီ ၂

စစ်ကိုင်းမြို့၊ စွယ်တော်နန်းတည်းခိုးခန် ပြိုကျမှုတွင် ၆ ရက်ကြာ ပိတ်မိနေသော အမျိုးသား ၁ ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ကြေင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အပါအဝင် ကယ်ဆယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စစ်ကိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အိုးတန်းရပ်၊ စွယ်တော်နန်း တည်းခိုခန်းတွင် အဆောက်အဦးပြိုကျခဲ့ကြောင်း၊ အဆိုပါ အဆောက်အဦးအပြို အပျက်အစီးများအောက်တွင် ၆ ရက်ကြာ၊ နာရီပေါင်းအားဖြင့် ၁၄၄ နာရီကြာ ပိတ်မိနေသူ အမျိုးသား ၁ ဦးအား မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ အပါအဝင် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များက ယနေ့တွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။

“သတိလည်းကောင်းတယ်။ အရမ်းကြာတော့ လူက နုန်းနေတာကလွဲရင် ကယ်လို့ရတဲ့အချိန်မှာ သတိရှိတယ်။ အင်မတန်ကံကြီးတဲ့သူပါ” ဟု ကယ်ဆယ်ရာတွင် ပါဝင်သော ပရဟိတအဖွဲ့ဝင်တစ်ဦက လူမှုကွန်ရက်တွင် ရေးသားထားသည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျှင်ကြောင့် ယနေ့အထိ လူပေါင်း ၂၈၀၀ ကျော်သေဆုံးခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article