30 C
Yangon

စစ်ကောင်စီက ရက် ၂၀ ကြာ အပစ်ရပ်မည်ဟု ကြေညာပြီး​နောက် ၀ိုင်းမော်တွင် စစ်ရေးလှုပ်ရှားသဖြင့် တိုက်ပွဲဖြစ်ပွား၊ အင်းတော်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ ဧပြီ ၃

အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေအတွက် ရက် ၂၀ ကြာ အပစ်ရပ်မည်ဟု ယမန်နေ့ ညပိုင်း ကြေညာခဲ့သော်လည်း ယခုနံနက်ပိုင်း ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ရေး လှုပ်ရှားသဖြင့် တိုက်ပွဲဖြစ်နေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက် ၂၀ ကာလကို ယာယီအပစ် ရပ်ကာလအဖြစ် သတ်မှတ်ကြောင်း ၊ငလျင်ဒဏ်သင့် ပြည်သူလူထုအား စာနာထောက်ထားပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ ယင်းကဲ့သို့ အပစ်ခတ် ရပ်စဲခြင်း ဖြစ်ကြောင်း ယမန်နေ့ ညပိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ယနေ့နံနက်ပိုင်း ၀ိုင်းမော်မြို့နယ်၊ ခလရ ၅၈ တပ်ရင်းက လက် နက်ကြီးများ မရပ်မနားပစ်ခတ်သည့်အပြင် စစ်ရေးလှုပ်ရှားမှုများပါ လုပ်ဆောင်လာ ကြောင်း၊ ထို့ကြောင် KIA တပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

“အခု ဝိုင်းမော် မှာပွဲကြမ်းနေတယ်။ ခွေးတွေလှုပ်ရှားလာလို့” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယနေ့ နံနက် ၅ နာရီ ၅၇ မိနစ်အချိန်မှ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်အထိ မိတ္တီလာ ရှမ်းတဲလေတပ်မှ Y 12 လေယာဉ်ဖြင့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ သို့ ဗုံး ၃၁ လုံးကျဲချခဲ့ကြောင်း လေကြောင်းကင်းထောက်အဖွဲ့ ဖြစ်သော NAS-နပ်စ် ​လေ​ကြောင်းရန်ကင်းထောက်အဖွဲ့က သတင်းထုတ်ပြန်ထား သည်။

အကြမ်းဖက် စစ်ကောင်စီ၏ ယာယီအပစ်ရပ်ကြေညာချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပရပ်ဆိုင်းထားမည်ဟု ယမန် နေ့ညပိုင်း ထုတ်ပြန် ကြေညာခဲ့သော်လည်း စစ်တပ်အနေဖြင့် ၎င်း၏ ကြေ ညာချက်အတိုင်း လိုက်နာရန် သတိပေးထားသည်။

ဓာတ်ပုံ – KIA တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

KIA တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article