ရန်ကုန် ၊ ဧပြီ ၄
စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် မင်္ဂလာဆောင်ရန် ဈေးလာဝယ်သည့် ဇနီးမောင်နှံ ၂ ဦးကို အကြမ်းဖက်စစ်တပ်၏ လှည့်ကင်းက ဖမ်းဆီးသွပြေီးနောက် သတင်းအစအနမရတော့ဘဲ ပျောက်ဆုံးနေကြောင်း ဖမ်းဆီးခံရသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဆိပ်ခွန်ကျေးရွာမှ ကိုမင်းသွေးမောင်နှင့်မမွန်မွန်တို့ ဇနီးမောင်နှံသည် မင်္ဂလာ ဆောင်အတွက် စျေးဝယ်ထွက်လာစဉ် စစ်တပ်က တားဆီးစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ဖုန်းထဲတွင် တော်လှန်ရေးနှင့်ဆက်နွယ်သော ဓာတ်ပုံများတွေ့သည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
“သူတို့က မင်္ဂလာဆောင်ဖို့ စျေးဝယ်သွားတာ စစ်တပ်လှည့်ကင်းနဲ့ ရွှေဓားကျောင်းနားမှာတွေ့ပြီး အဖမ်းခံရတာ။ ဖုန်းထဲက တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ့လို့ ဖမ်းတာလို့ကြားတယ်။ သူတို့က ရွာမှာ ယက်ကန်းနဲ့ ချည် ထည်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေပါ။ တော်လှန်ရေးလုပ်တယ်လို့တော့မကြားမိဘူး” ဟု ဖမ်းဆီးခံရသူ၏ မိတ်ဆွေက ပြောဆိုသည်။
လတ်တလော စစ်တပ်၏ ဖမ်းဆီးမှု ခံထားရသည့် ကိုမင်းသွေးမောင်နှင့် မမွန်မွန်တို့ကို မည်သည့်နေရာတွင် စစ်တပ်က ထားရှိ ဖမ်းဆီးခံထားရသည်က်ု မိသားစုဝင်များ လက်ရှိအချိန်အထိ စုံစမ်း၍ မရသေးဘဲ သတင်းအစအန ပျောက်ဆုံးနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ – မြို့အဝင်အထွက်များတွင် စစ်တပ်က ပိတ်ဆို့စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
