27 C
Yangon

မြစ်ခြေမြို့ ညောင်ပင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ ၊ ညောင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁၇ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်အချိန် အောင်သာပျူစောထီးရွာမှ စစ်တပ်က မြစ်ခြေမြို့ ၊ ညောင်ပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှု မရှိသော်လည်း နေအိမ် ၁၇ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

“ညောင်ပင်ကျေးရွာကို အောင်သာက ပျူခွေးတွေနဲ့ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ နေအိမ်‌ ၁၇ လုံးမီးလောင် ပြာကျသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ အပစ်ရပ်ထားကြောင်း ကြေညာထားသော် လည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article