27 C
Yangon

မြန်အောင်တွင် စစ်တပ်ကို ငွေကြေးထောက်ပံ့ထားသူများက မော်တော်လှေလိုင်စင် များရရှိထားပြီး သတ်မှတ်စျေးထက် အဆမတန် လှေစီးခများ ကောက်ခံနေ၍ ပြည်သူများ ဒုက္ခရောက်နေ

Must read

ရန်ကုန်၊ ဧပြီ ၇

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် စစ်တပ်ကို ငွေကြေးထောက်ပံ့သူများကို မော်တော်လိုင်စင်များ ချထားပေးပြီး အဆိုပါ လိုင်စင်ရရှိသူများက လှေစီးခများကို စည်ပင်က သတ်မှတ်ထားသော ဈေးနှုန်းထက် ၂ ဆ တိုးမြှင့် ကောက်ခံနေခြင်းကြောင့် သွားလာရေး ခက်ခဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်အောင်မြို့နယ်၊ ငါးပိဆိပ်အုပ်စု ၊ ငါးပိဆိပ်ကျေးရွာ ရေကင်းမင်းကြီးကူးတို့ဆိပ်တွင် မော်တော် လိုင်စင်ရရှိသူများက မော်တော်ခများကို ယခင်ဈေးထက် တိုးမြှင့်ကောက်ခံနေခြင်းဖြစ်ကြောင်း ၊ မော်တော်ခများသည် ယခင်က လူတစ်ဦးလျှင် ၁၅၀၀ ကျပ်သာ ရှိပြီး လက်ရှိချိန်တွင် ၃၀၀၀ ကျပ် ထိတိုးမြှင့်ကောက်ခံနေကာ ဆိုင်ကယ် ၁ စီးလျှင် ယခင်က ၂၀၀၀ ကျပ်သာ ကောက်ခံသော်လည်း လက်ရှိချိန်တွင် ၅၀၀၀ ကျပ်ထိ ကောက်ခံနေခြင်းဖြစ်ကြောင်း၊ ထိုသို့ ကောက်ခံနေခြင်းကြောင့် မြို့နယ်စည်ပင်ကို သွားရောက် စစ်ဆေးစဉ်၌ မော်တော်ခများကို မူလဈေးအတိုင်း ပြန်လည် ကောက်ခံသော်လည်း စည်ပင်ဝန်ထမ်းများပြန်သွားစဉ်တွင် ထပ်မံ တိုးမြှင့် ကောက်ခံကြောင်း သိရှိရသည်။

မြန်အောင်မြို့နယ်အတွင်းရှိ ကျန်ရှိသော ကူတို့ဆိပ် ၃ ခုဖြစ်သော ညောင်ပင်ကုန်းကူးတို့ဆိပ် ၊ ထုံကြီးကုန်းကူးတို့ဆိပ်နှင့် ရွှေကျင်ကူးတို့ဆိပ်တို့သည် ဈေးနှုန်းတက်ခြင်းမရှိဘဲ စည်ပင်ဈေးနှုန်း အတိုင်းသာကောက်ခံကြောင်း၊ ရေကင်းမင်းကြီး ကူးတို့ဆိပ်တစ်ခုသာ ဈေးနှုန်းအဆမတန်တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

“မော်တော်လိုင်စင် ရရှိထားတဲ့ ဒေါ်ဥမ္မာမြိုင်ရဲ့သား ကိုသီဟဇော်ကို စည်ပင်က ဆိုင်းဘုတ်ချိတ်ခိုင်းပြီး သတ်မှတ်စျေးနှုန်းတောင်းခိုင်းတာပဲ။ လူကြီးလာတဲ့အချိန်ပဲ ဆိုင်းဘုတ်ကပ်ပြီး ကျန်တဲ့အချိန် အရင်လို အဆမတန်တောင်းနေတာပါ။ ဘယ်သူမှ ဂရုမစိုက်ဘူး။ သူတို့ သတ်မှတ်ထားတဲ့ ဈေးအတိုင်း မစီးနိုင်ရင် မစီးနဲ့ဆိုတဲ့ လူပါးဝနေကြတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

မြန်အောင်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်များကို စစ်တပ်နှင့်နီးစပ်သူများ၊ ကြံ့ဖွတ်၊ ပျူစောထီးကို ထောက်ခံအားပေးသူများကို လိုင်စင်များ ချထားပေးခြင်းနှင့် လုပ်ကိုင်ခွင့်ပေးခြင်းများ သက်ဆိုင်ရာ တိုင်းနှင့်မြို့နယ် စစ်ကောင်စီများက ဆောင်ရွက်လျက်ရှိကြောင်း ဒေသ စီးပွားရေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ – ပြည်တွင်းရှိ ကူးတို့လှေဆိပ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်တွင်းရှိ ကူးတို့လှေဆိပ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article