34 C
Yangon

ဂျပန်လှိုဏ်ဂူမှ တပ်မမှူး ဦးဆောင်သောအဖွဲ့ စခန်း စွန့်လွှတ် ဆုတ်ခွာသွား၍ အင်းတော်မြို့ကို သိမ်းပိုက်ရရှိဟု NUG ကာကွယ်ရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်

Must read

ဂျပန်လှိုဏ်ဂူမှ တပ်မမှူး ဦးဆောင်သောအဖွဲ့ စခန်း စွန့်လွှတ် ဆုတ်ခွာသွား၍ အင်းတော်မြို့ကို သိမ်းပိုက်ရရှိဟု NUG ကာကွယ်ရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ ဂျပန်လှိုဏ်ဂူမှ တပ်မမှူး ဦးဆောင်သောအဖွဲ့ စခန်းစွန့်လွှတ် ဆုတ်ခွာသွား၍ အင်းတော်မြို့ကို သိမ်းပိုက်ရရှိဟု NUG ကာကွယ်ရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်က ထုတ်ပြန်ထားသည်။

ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်းတော်မြို့သိမ်း စစ်ဆင်ရေးသည် ရက်ရှည် တိုက်ပွဲတစ်ခုဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည်တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူး ဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ ရက် ည ၉ နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အင်းတော်မြို့သည် အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ ၇၇ ရှေ့တန်းဌာနချုပ် အခြေပြုရာ မြို့ဖြစ်ပြီး တပ်မမှူး ကိုယ်တိုင် ကွပ်ကဲနေခြင်းဖြစ်ကြောင်း သိရသည်။

အင်းတော်မြို့သိမ်း စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ ၂ လက်၊ ၁၂၀ မမ ၂ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်း မီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article