ဒီကနေ့ ဧပြီ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲခူးတိုင်း တောင်ငူမြို့က သမိုင်းဝင် နန်းတော်ဦး လောကမာရဇိန် စေတီတော်ပေါ်ကို အကြမ်းဖက် ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းက ဖိနပ်စီး တက်ရောက်ခဲ့မှုဟာ သူတို့စစ်တပ်ဘက်က စစ်ရုံးပြန်ကြားရေး Website မှာ မှတ်ချက်နဲ့တကွ ဖော်ပြခဲ့တဲ့အတွက် ပြည်သူတွေသိခွင့်ရခဲ့ပါတယ်။
- မြန်မာနိုင်ငံတစ်ဝှမ်း ငလျင်ဒဏ်ကြောင့် ပြည်သူတွေဟာ ကိုယ်တိုင်မခံစားရရင်တောင် စိုးရိမ်သောကတွေနဲ့ ဒုက္ခပေါင်းစုံခံစားနေရတဲ့အချိန် ပြည်ပရောက် ကျောင်းသားတွေနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ပြန်မလာရင် လူငယ် ၁ ဦးကို ငွေကျပ် သိန်း ၅၀ ပေးရမယ်ဆိုပြီး ရန်ကုန်မြို့ လှိုင်သာယာ FMI City အုပ်ချုပ်ရေးမှူးက တောင်းခံနေပြန်တယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို အသိပေး ပြောဆိုလာပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ၅ ရွာကို ဝင်ရောက် စီးနင်းပြီး လူငယ် ၁၂ ဦးကို စစ်မှုထမ်းရမယ်ဆိုပြီးတော့ ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
