29 C
Yangon

တီးတိန်မြို့နယ်ကို ချင်းညီနောင်အဖွဲ့က ဆက်လက် တိုက်ခိုက်သိမ်းပိုက်မည်၊ ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်းကျော် လွတ်မြောက်ခဲ့ပြီး သိမ်းပိုက်ရန် မြို့နယ် ၃ ခုသာကျန်တော့

Must read

ရန်ကုန်၊ ဧပြီ ၁၁

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကို ချင်းညီနောင်အဖွဲ့က မကြာမီ ဆက်လက် တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

ဧပြီလ ၉ ရက်နေ့ ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်ရရှိပြီးနောက် တီးတိန်မြို့နယ်ကို ဆက်လက် တိုက် ခိုက်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ဧပြီလ ၉ ရက်နေ့တွင် ဖလမ်းမြို့သိမ်းအောင်ပွဲ တိုက်ရိုက် Liveမှတစ်ဆင့် တရားဝင် ကြေညာခဲ့သည်။

“ချင်းပြည်ထဲမှာ တီးတိန်မြို့ကိုလည်း ထပ်ပြီးမှ ဝင်ရောက်ဖို့ရှိတယ်။ ၂၀၂၄ မှာ စစ်ကောင် စီ ကင်းစင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ၆၀ ရာခိုင်နှုန်းပဲပြီးခဲ့တယ်။ ၄ နေရာရခဲ့တယ်။ ” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောဆိုသည်။

တီးတိန်မြို့နယ်တွင် ခလရ ၂၆၉ တပ်ရင်းဌာနချုပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ တချို့နှင့် တပ်မ ၁၁ လက် အောက်ခံ တပ်တချို့ ရှိနေသော်လည်း ထန်တလန်မြို့ ၏လုံခြုံရေး နှင့်တွဲဖက်ထားကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် မြို့နယ် ၉ ခုရှိပြီး စစ်ကောင်စီစိုးမိုးထားသော မြို့နယ်မှာ ၃ ခုသာရှိတော့ကာ ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့ နယ်များဖြစ်ကြောင်း၊ ထန်တလန်မြို့နယ်တွင် မြို့ပေါ် ကွက်ကွက်လေးကိုသာ စစ် တပ်က စိုးမိုးနိုင်တော့ကြောင်း၊ ထို့ကြောင့် ချင်း ပြည်နယ်၏ ဧရိယာ ၈၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေး အင်အားစုများက စိုးမိုးထားကြောင်း ချင်းတော်လှန်ရေးအင် အားစုက ပြောဆိုသည်။

“ထန်တလန်မြို့ပေါ်မှာပဲ စစ်တပ်က ကွက်ကွက်လေးရှိတော့တာ။ ထန်တလန်တစ်မြို့နယ်လုံးရဲ့ စစ်တပ် စခန်းနဲ့နေရာတွေကို CNA စိုးမိုး ရရှိထားပါတယ်။ ထန်တလန်မြို့ တိုက်ပွဲကလည်း မကြာခဏ ဖြစ်နေတာပါ။ ပတ်ပတ်လည်ကို တော့ CNAနဲ့ ပူးပေါင်း တပ်တွေက ပိတ်ဆို့ ထိန်းချုပ်ထားတယ်” ဟု CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုတွင် အာရက္ခတပ်တော် AA က ပလက်၀မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း၊ ချင်းညီနောင်အဖွဲ့က မတူပီ၊ ကန်ပက်လက်၊ မင်းတပ်နှင့် ဖမ်းမြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရှိရသည်။

CNA ပါဝင်သော ချင်းလန်းကောင်စီကမူ တွန်းဇံမြို့နယ်၊ ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာမြို့ အပါအဝင်မြို့နယ် ၁ ခုနှင့် မြို့ ၇ ခုကို တိုက်ခိုက်သိမ်းပိုက် ထိန်း ချုပ်ထားပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article