28 C
Yangon

မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်သိမ်းပိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၉ ရက်နေ့ ည ၉ နာရီခန့်အချိန် မြင်းခြံမြို့နယ်၊ကျောက်ပြုတ်ရွာ၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထား သော စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် ကောင် စီ တပ်သား ၁ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“သေတာ ၁ ယောက် ၊ ဒဏ်ရာရပြီး ဆေးရုံတင်ထားရတာ ၇ ယောက်ရှိတယ်၊ စခန်းစွန့်ပြီး ထွက်ပြေး သွားတာပါ။ လက်နက်တွေ၊ ပစ္စည်းတွေ သိမ်းမိခဲ့တာမရှိဘူး။ စခန်းကိုတော့ မီးမရှို့ခဲ့ပါဘူး။ ညပိုင်း ဆိုတော့ မရှို့ဘဲ ပြန်ဆုတ်လာခဲ့လိုက်တာပါ” ဟု ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက် ခဲ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ ၊ Mandalay Regional Battalion ၊ MGN Danger Dynamites ၊ ဒေါင်းမင်းတမန် တပ်ဖွဲ့ ၊ ANYAR FEDERAL TASK FORCE ၊ FFGF Task FORCE နှင့် ပ.က.ဖ အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article