ဒီကနေ့ ဧပြီ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေပြည်တော်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ ဝန်ကြီးဌာနရုံးတွေ အပါအဝင် အဆောက်အအုံတွေကို ပြန်လည် တည်ဆောက်ခွင့်အတွက် အကြမ်းဖက် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံပိုင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီ ကသာ လုပ်ပိုင်ခွင့် ရရှိမှာဖြစ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တောင်ကိုရီးယားနိုင်ငံက ငလျင်ဒဏ်ကြောင့် ပေးအပ်မယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီလက်ထဲ မပေးဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေက တဆင့်သာ မြန်မာပြည်သူတွေဆီ ပေးအပ်မှာဖြစ်တယ်လို့ တောင်ကိုရီးယားလွှတ်တော်အမတ် အီယုန်ဆွန်းက ပြောပါတယ်။
- မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့အချိန် ကူညီမှုတွေ ထိထိရောက် မလုပ်နိုင်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ တစ်ဖက်မှာတော့ မတ္တရာ ၊ တောင်ငူ နဲ့ ဖယ်ခုံမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားပြန်တဲ့အတွက် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြန်တဲ့အပြင် ၊ နေအိမ်တွေလည်း မီးလောင်ပျက်ဆီးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
