ရန်ကုန်၊ ဧပြီ ၁၁
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စံတင်ကင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၈ ရက်နေ့ ည ၉ နာရီခန့်အချိန် ဘိုမင်းကြီးကင်း၊ မြောင်လမ်းခွဲတွင် အထိုင်ချ တပ်စွဲထားသော အကြမ်း ဖက် စစ်ကောင်စီ တပ်သားများသည် လက်နက်ကြီး ၇ လုံးဖြင့် စံတင်ကင်းရွာကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး စံတင်ကင်းကျေးရွာမှ ကလေးငယ် ၁ ဦး သေဆုံးကာ ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၉ ရက်နေ့ နံနက် ၁ နာရီခန့်အချိန် ဂွေးပင်တောကျေးရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဘိုးမင်းကြီးကင်းလမ်းခွဲမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပူးပေါင်း၍ စံတင်ကင်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ် ၄ လုံးကို မီးရှို့ ဖျက်ဆီးသွားကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


