34 C
Yangon

နေပြည်တော်ကို ဗဟိုပြု၍ ယနေ့ နံနက်အစောပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများနှင့် Non-CDM ဝန်ထမ်းများ ထိတ်လန့် တုန်လှုပ်

Must read

ရန်ကုန်၊ ဧပြီ ၁၄

နေပြည်တော်ကို ဗဟိုပြု၍ ယနေ့ နံနက်အစောပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများနှင့် Non-CDM ဝန်ထမ်းများ ထိတ်လန့် တုန်လှုပ်ခဲ့ကြောင်း ဝန်ထမ်းများနှင့်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ယနေ့ ဧပြီလ ၁၄ ရက်နေ့ နံနက် ၂ နာရီ ၃၂ မိနစ်အချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အနီး မြေအောက်အနက် ၇ ဒသ မ၆ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“ဒီမနက် အားလုံး အိပ်မောကျနေတဲ့အချိန် ငလျင်လှုပ်တာ အတော်ကို သိသာတယ်။ အဲဒါ အကုန်ကို ထပြေးရတာ။ ဒီတစ်ခေါက်လှုပ်တာကလည်း အတော်ကို ကြမ်းပါတယ်။ ငလျင်လှုပ်ပြီးတော့ အပြင်မှာပဲ ထွက်ပြီး ငုတ်တုတ်ထိုင်နေရတယ်”ဟု နေပြည်တော်၊ ရွှေကြာပင်ရပ်ကွက်မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နေပြည်တော်မှ Non-CDM ဝန်ထမ်းအများစုကလည်း ယနေ့နံနက်ပိုင်း လှုပ်ခတ်သွားခဲ့သော ငလျင်ကြောင့် ဝန်ထမ်းမိသားစုများ ထိတ်လန့်တုန်လှုပ်ကြကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ ဧ​ပြီလ ၁၄ ရက်နေ့ နံနက် ၂ နာရီ ၃၂ မိနစ်အချိန် တောင်တွင်းကြီးမြို့၏ တောင်-အ‌ရှေ့တောင်ဘက် ၁၂ မိုင် ခန့်အကွာ၊ အနက် ၁၁ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။

“ဒီမနက် ၂နာရီ ၃၃ မိနစ် တောင်တွင်းကြီးမြို့ပေါ်မှာလည်း စက္ကန့် ၂၀ ကျော်လောက် ငလျင်သိသိသာသာ လှုပ်ခတ်သွားတယ်” ဟု တောင်တွင်းကြီးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူပင် ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ၊ ၁၆ မိနစ်အချိန် မောက်မယ်မြို့၏ အ‌ရှေ့တောင်ဘက် ၃၆ မိုင် ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလည်း လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်ပြိုကျနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်ပြိုကျနေစဉ်
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article