30 C
Yangon

အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်သည့် ရောင်နီ Live in Maryland” ဂီတဖျော်ဖြေပွဲမှ ဒေါ်လာ ၁၃၀,၀၀၀ ရရှိပြီး တော်လှန်ကဏ္ဍ ၃ ခုတွင် အသုံးပြုမည်

Must read

ရန်ကုန်၊ ဧပြီ ၁၃

အဆိုတော် လင်းလင်းနှင့် ချစ်သုဝေတို့၏ ရောင်နီ Live in Maryland” ဂီတဖျော်ဖြေပွဲမှ ကန်ဒေါ်လာ ၁၃၀,၀၀၀ ရရှိပြီး တော်လှန်ကဏ္ဍ ၃ ခုတွင် အသုံးပြုမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ယင်းအပြင် မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များနှင့် ပြည်သူများ အိမ်ပြန်နိုင်ရေး ကျရာနေရာကနေ တော်လှန်တာဝန်ကို ပြီးဆုံးသည်အထိ ဆက် လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အဆိုတော်လင်းလင်းက ဂီတဖျော်ဖြေပွဲပြီးခါနီးတွင် ပွဲလာရောက်သူများကို စင်ပေါ်မှ ပြောသည်။

အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် ဧပြီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့၏ ရောင်နီ Live in Maryland” ဂီတဖျော်ဖြေပွဲမှ ရရှိငွေများကို (၁) တော်လှန်မိသားစုများ၏ ပြန်လည်ထူထောင်ရေး။ (ကျဆုံးရဲဘော်များ၏ ကျန်ရစ်မိသားစုများ၊ CDM မိသားစုများ၊ Activists မိသားစုများ၊ နိုင်/ကျဉ်းမိသားစုများ) (၂) မြေပြင်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ပညာရေးစရိတ်ပို့ဆောင်ခြင်းများ (၃) တောင်ပေါ်၊တောင်အောက် ဒေသအနှံ့က တန်းတူ လူ့အခွင့်အရေးလှုပ်ရှားမှုများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုတော်လင်းလင်းက ဂီတဖျော်ဖြေပွဲမတိုင်မီ ပိတ်ကားပေါ်တွင် ပုံများနှင့်တကွ သေချာစွာ ရှင်းပြသည်။

တော်လှန်ရေးကာလအတွင်း ပြုလုပ်ခဲ့ပြီးသော တေးဂီတပွဲများမှရရှိအလှူငွေများကို မည်သည့်နေရာများတွင် မည်သို့အသုံးပြုခဲ့ကြောင်းကိုလည်း အဆိုတော်လင်းလင်းက ပိတ်ကားပေါ်တွင် ပုံများနှင့် တကွ တေးဂီတပွဲလာသူများကို အလေးအနက်ထားကာ ရှင်းပြခဲ့သည်။

ယင်းအပြင် ဂီတဖျော်ဖြေပွဲလက်မှတ်ရောင်းရငွေထဲက ကနဦး သိန်း ၁၂၀၀ ကျော်ကိုလည်း မြန်မာနိုင်ငံငလျင်ဘေးအတွက် ပို့ဆောင်ထားပြီးဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။

အမေရိကန်တွင် ပထမဆုံးပြုလုပ်သော အဆိုပါတော်လှန်ရေးတေးဂီတဖျော်ဖြေပွဲတွင် မြန်မာတူရိယာ ပတ္တလားအပါအဝင် တူရိယာမျိုးစုံဖြင့် ဖျော်ဖြေပွဲကို တင်ဆက်သွားခဲ့ပြီး အဆိုတော်လင်းလင်းနှင့် ချစ်သုဝေအပြင် ၎င်းတို့၏ သမီး၂ ဦးကလည်း ပါဝင်အားဖြည့် ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်ပြီး ဒုတိယမြောက် တော်လှန်းရေးတေးဂီတဖျော်ဖြေပွဲကို ဘော်စတွန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း အဆိုတော်လင်းလင်းက စင်ပေါ်မှတစ်ဆင့် အသိပေးပြောကြားသည်။

မကြာသေးခင်က ကျင်းပခဲ့ပြီးဖြစ်သော အဆိုတော်လင်းလင်း၊ ချစ်သုဝေ၊ ဒေါင်း၊ ဒယ်နီရယ်စော တို့ ပါဝင်ဖျော်ဖြေသည့် RHYTHM concert မှလည်း အမေရိကန်ဒေါ်လာ ၁၆၇,၅၂၀ (မြန်မာကျပ်ငွေ သိန်း ၇၀၀၀ နီးပါး) ရရှိခဲ့ပြီး အလှူငွေ ၁၀၀ ရာခိုင်နှုန်းကို တော်လှန်ရေးတွင် ပြန်လည်အသုံးပြုခဲ့ပြီး အသုံးပြုသည့်နေရာများကိုလည်း RHYTHM concert Facebook Page ကနေတစ်ဆင့် အသိပေးခဲ့သည်။

ဓာတ်ပုံ – Ye Hein/Maryland Music Concert

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article