30 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၄ ရက် နေ့လယ် ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြည်သူ ထောင်နဲ့ချီသေဆုံးခဲ့ပေမယ့် အကြမ်းဖက် မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာ သင်္ကြန်ပွဲလုပ် ပျော်ပါးနေပြီး ၊ အကြမ်းဖက် စိုးဝင်း နဲ့ စစ်ဗိုလ်ချုပ်တွေ အားလုံး သနပ်ခါးပါ အလိမ်းခံခဲ့ကြသလို အဲ့ဒီ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုလည်း အပြင်မှာ မပေါက်ကြားစေဖို့ တားမြစ်ထားတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ဗဟိုပြုပြး ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့ သက်ြန်အကျနေ့ မနက်ပိုင်းမှာပဲ ငလျင်ထပ်မံလှုပ်ခတ်သွားပြန်တဲ့အတွက် ပြည်သူတွေနဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေ ထိတ်လန့် တုန်လှုပ်ခဲ့တယ်လို့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေက ပြောပါတယ်။
  • မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန် အကြမ်းဖက် စစ်ကောင်စီက နှစ်သစ်ကူး သက်ြန်အကြိုနေ့ဖြစ်တဲ့ မနေ့ကပဲ ဘုတလင်မြို့နယ်၊ အောင်သာကျေးရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင် ပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article