30 C
Yangon

သင်္ကြန်အကျနေ့ အင်းတော်မြို့နယ်၊ ပိန္နဲကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်၍ ပြည်သူများထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က ယနေ့သင်္ကြန်အကျနေ့တွင် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ပျက်စီးပြီး ပြည်သူများ ထိခိုက်မှုရှိ ကြောင်း Indaw Revolution – IR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့ ဧပြီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၈ မိနစ်အချိန် အင်းတော်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာဘုန်းကြီး ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်း ကြီးကျောင်း၌ ဥပုသ်စောင့်နေသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“အင်းတော်မြို့နယ်၊ ပိန္နဲကုန်းရွာကို ကျဲသွားတာ၊ မနက် ၁၁ နာရီ ၄၈ မိနစ် အချိန် လောက် က ဗုံးက ၂ လုံး ကျဲ သွားတာ၊ ဘုန်းကြီးကျောင်းပေါ်ကျဲသွားတာ၊ပြည်သူတွေထိခိုက်မှုရှိတယ်။ကနဦးကတော့ ၂ ယောက် လား၊ ၃ ယောက်လားတော့ မသိဘူး။ အဲဒါပဲကြားသေးတယ်။ အဲဒီဘက်က အဆက်အသွယ် ကောင်း ကောင်းမရဘူး” ဟု Indaw Revolution – IR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြော ကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်နေသော ကြောင့် ကောလင်း ၊ ထီးချိုင့်၊ အင်းတော်၊ ဝန်းသို မြို့နယ်များနေမိဘပြည်သူများအဖြေင့် အိမ်တိုင်း အိမ်တိုင်း ဗုံးခိုကျင်းတူးထားကြရန်၊ လေယာဉ်သံကြားပါက ဗုံးခိုကျင်းထဲသို့ ဝင်ပုန်းနေကြရန်နှင့် တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article