34 C
Yangon

သင်္ကြန်ကာလ ထီးလင်း၊ ဆောနှင့်ဂန့်ဂေါမြို့နယ်တို့ကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ

Must read

ရန်ကုန်၊ ဧပြီ ၁၆

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နှင့်ဂန့်ဂေါမြို့နယ်တို့ကို စစ်ကောင်စီတပ်က သင်္ကြန်ကာ လအတွင်း လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ဆောမြို့နယ်မြောက်ခြမ်းတ နေရာကို နေပြည်တော် အေလာလေတပ်မှ တက်လာသော MIG -29 တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ပြီး ထိခိုက်ပျက်စီးမှုအခြေအနေ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေက ခက်ခဲနေလို့ ဘယ်လောက်ထိခိုက်သွား၊ ပျက်စီးမှုရှိတယ်က မသိရသေးပါဘူး။ စုံစမ်းနေတုန်း ပါ” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယမန်နေ့ ဧပြီ ၁၅ ရက်နေ့လယ်ပိုင်းကလည်း ထီးလင်းမြို့နယ်တစ်နေရာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကာ ထီးလင်းမြို့တွင်းသို့ Mi 17 ထောက်ပို့ ရဟတ်ယာဥ်ဖြင့် လက်နက်ခဲယမ်းများ၊ လူအင်အားများ ဖြည့်တင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ ဧပြီလ ၁၆ ရက် နံနက် ၉ နာရီခန့်က ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ဂန့် ဂေါမြို့မြောက်ဘက်သို့ လေ ကြောင်းကင်းထောက်ဒရုန်းများ လွှတ်တင်ကာ ကင်းထောက်မှုရှိခဲ့ ကြောင်း၊ ထိုသို့ ကင်းထောက်ခြင်းမှာ ဂန့်ဂေါမြို့တွင်းသို့ ရဟတ်ယာဥ် ဆင်းသက်ကာ စစ်အင်အား ဖြည့်တင်းရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ယောဒေသကို လေကြောင်းဖြင့် အချိန်မရွေး တိုက်ခိုက်လာနိုင်သောကြောင့် ပြည်သူများ အနေဖြင့် လေ ကြောင်း သတိအမြဲရှိကြရန်နှင့် လူစုလူဝေးများ မပြုလုပ်ကြရန် ဒေသ တွင်း တော်လှန်ရေးတပ်ဖွဲများက သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article