25 C
Yangon

မင်းလှမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀၀ နီးပါး မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဇူလိုင် ၂

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၀ ရက်နေ့မှ စတင်ပြီး မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၁၁ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ဇွန်လ ၂၀ ရက်နေ့တွင် တောင်ပြတ်ရွာသစ်မှ နေအိမ် ၂၅ လုံး ၊ ဇွန်လ ၂၂ ရက်နေ့တွင် ရွေးကုန်းရွာနှင့် ဦးတိုကျွဲလမ်းစုရွာမှ နေအိမ် ၉ လုံး၊ ဇွန်လ ၂၃ ရက်နေ့ ဗိုလ်တထောင်ရွာ၊ ဆားချောင်းရွာ၊ ဆင်အိုင်ချောင်းပေါက်ရွာ၊ ဂန့်ဂေါ်ပင်ရွာနှင့် ငလှစမ်းရွာမှ နေအိမ် ၉၁ လုံး တို့ မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်၂၄ ရက်နေ့တွင် စမ်းဘုတ်ရွာမှ နေအိမ် ၅ လုံး၊ ဇွန် ၂၅ ရက်နေ့တွင် ခွက်မရွာမှ နေအိမ် ၁၅ လုံးနှင့် ဇွန်လ ၂၅ ရက်နေ့တွင် ကျွဲမကိုင်းရွာမှ နေအိမ် ၄၀ လုံးကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ဇွန်လ ၂၀ ရက်ကနေ ၂၄ ရက်နေ့ထိ မီးရှို့သွားတဲ့ စာရင်းပေါ့။ နေအိမ်တွေကတော့ အကုန်ပြာကျသွားပြီ ပြည်သူတွေကတော့ ရှောင်နေရတုန်းပဲ စစ်ခွေး စစ်ကြောင်းက ဒီ‌နေ့ ထပ်ပြီး ထွက်လာတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် ဇရစ်မျှောင်ရွာနှင့် ရွှေပေါက်ပင်ရွာ တို့ကို ထပ်မံ ဝင်ရောက် စီးနင်း မီးရှို့နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article