27 C
Yangon

နတ်တလင်း တောင်ညိုဆည် အနီးတဝိုက်ရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး၊ ကျိုက်ထိုတွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် တောင်ညိုဆည် အနီးတဝိုက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှ နေ၍ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ညိုဆည် အနီးတဝိုက်ရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း တောင်ညိုဆည် သင်းဘောချည်တိုင် ဘုန်းကြီးကျောင်းကို ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မယင်းရွာ စာသင်ကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ထန်းတောရွာနှင့် ကြပ်ညိုရွာများကိုလည်း ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“တောင်ညိုဆည် သင်းဘောချည်တိုင် ဘုန်းကြီးကျောင်းကို ကျဲတာက ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၂ ဦး သေဆုံးတယ်လို့ သိရတယ်။ မယင်းရွာ စာသင်ကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့တာ ပြည်သူ ၁ ဦး သေဆုံးတယ်လို့ သိရပါတယ်။ စစ်ခွေးတွေရဲ့ စက်တပ်လေထီးတွေက ထန်းတောရွာနဲ့ ကြပ်ညိုရွာ ကိုလည်း ဗုံးကျဲသွားတယ်။ အဲဘက်တွေကတော့ ထိခိုက်မှုအခြေအနေ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း ​ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မှော်ဘီလေတပ်မှ တက်လာသော ဂျက်ဖိုတ်တာ ၁ စီးက ဗုံး ၄ လုံးဖြင့် ကျဲချတိုက်ခိုက်သွားကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျောက်ဖျာကျေးရွာမှ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ကျောက်ဖျာကျေးရွာက အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒီနေ့ တိုက်ခိုက်ခဲ့တာပါ။ အသက်အရွယက်ကတော့ မသိရသေးဘူး။ ဆက်လက် စုံစမ်းနေဆဲပါ။ နေအိမ် ၁လုံးပျက်စီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article