ဒီကနေ့ အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မကွေးတိုင်း၊ ငဖဲမြို့နယ်၊စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်း စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိတဲ့အပြင် အလင်းဝင်လာသူတွေလဲ ဆက်တိုက်ရှိနေတယ်လို့ AA က တရားဝင် သတင်းထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ အောင်သပြေ ဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၄ ဦးသေဆုံးပြီး စစ်သား အားလုံး ရဲစခန်းကို ဆုတ်ပြေးသွားတယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
ရန်ကုန်မြို့မှာ မနေ့က ည ၁၁ နာရီ ၈ မိနစ်အချိန်မှာ သိသိသာသာ ငလျင်လှုပ်ခတ်တာကြောင့် ပြည်သူတွေဟာ အထပ်မြင့် တိုက်တာတွေကနေ လမ်းမပေါ်ကို ပြေးဆင်းခဲ့ရတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




