30 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ စစ်တပ်ပြိုကွဲရေး ဖြစ်ပေါ်စေတာ ဒါမှမဟုတ် စစ်တပ် ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်တာနဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေတာ အပါအဝင် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေနှင့်မညီတဲ့ မဲဆွယ်စည်းရုံးမှုတွေကို အရေးယူမယ်လို့ စစ်တပ်ခန့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခြိမ်းခြောက်သတိပေးလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်က ပြည်နယ် နဲ့ ယူနစ်(တိုင်း)တွေအလိုက် လေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လေဆိပ်နဲ့ လေယာဉ်အမျိုးအစားတွေကို Enemy Air Route(EAR) နဲ့ မြေပြင်ဒေသခံ လေကြောင်း ကင်းထောက်အဖွဲ့တွေ ပူးပေါင်းပြီး မနေ့က ထုတ်ပြန်ထား ပါတယ်။ Enemy Air Route(EAR) အနေနဲ့ လေကြောင်းစောင့်ကြည့်ထောက်လှမ်းရေးအတွက် ၄ နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့ရာကန ရရှိထားတဲ့ အချက်အလက်တွေနဲ့ မြေပြင်မှာရှိတဲ့ ဒေသခံလေကြောင်း ကင်းထောက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အတည်ပြု စိစစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်အတွင်းမှာ အကြမ်းဖက်စစ်တပ်က လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည် သိမ်းပိုက်ဖို့အတွက် ထိုးစစ်ဆင်နွှဲချိန်မှာ စစ်တပ်ဘက်က ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံးသွားတဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article