30 C
Yangon

မြောင်မြို့နယ် ကျောက်ရစ်ရဲ စခန်းမှ စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ကင်းရွာအတွင်း သို့ ကျရောက်ပေါက်ကွဲပြီး အရပ်သား ပြည်သူ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၂၅ နှစ် အရွယ် အမျိုးသးတစ်ဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ကာ နွား ၃ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျောက်ရစ်အထိုင်စခန်းကနေ ကင်းရွာကို လက်နက်ကြီးနဲ့ ၄လုံး ပစ်တယ်။၂ လုံးက ရွာထိပ် မှာ၊ ၂ လုံးက ရွာထဲမှာ ပေါက်ကွဲတယ်။ ဒဏ်ရာသူတွေထဲက တစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရ တယ်။ နွား ၃‌ ကောင်လည်း သေဆုံးခဲ့တယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ခြေလျင် ထွက်လာ သည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် မြောင်မြို့နယ် ၊ ကျောက်ရစ်ကျေးရွာ အနောက်ဘက် ရွှေပန်းရွာနှင့် မကျီးအုပ်ကျေးရွာသို့ ရောက်ရှိနေပြီး ဒေသပြည်သူများစွာ အိုးအိမ်စွန့် ခွာ ထွက် ပြေးနေရသဖြင့် အရေးပေါ် စားဝတ်နေရေးနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“စစ်ကြောင်းက ကျောက်ရစ်ရွာအနောက်ဖက် ရွှေပန်းရွာနဲ့ မကျီးအုပ်ရွာကြားမှာရှိ နေတယ်။ စစ်‌ရေး အ‌ခြေအနေကတော့ တင်းမာ နေဆဲလို့ ပြောလို့ရမယ်။ ကင်းရွာဘက်ကို လက်နက်ကြီးနဲ့ပစ်တာက တော့ အကြောင်းမဲ့ ပစ်တာပါ။ ဘာတိုက်ပွဲမှ မရှိဘူး။ အရပ်သား ပြည်သူတွေအပေါ်ကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article