ရန်ကုန်၊ အောက်တိုဘာ ၂၁
မြန်မာနိုင်ငံတွင် ပြန်ပေးဆွဲ ဖမ်းဆီညှဉ်းပန်းနှိပ်စက်ခံရကာ ကိုယ်တွင်းကလီစာများ ရောင်းစား သတ်ဖြတ်ခံရသော ဘယ်လာရုစ်မော်ဒယ် VERA KRAVTSOVA မှာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ၎င်း၏ ဆန္ဒသ ဘောဖြင့် ထွက်ခွာသွားခဲ့ပြီး ထိုင်းနိုင်ငံအတွင်း ပြန်ပေးဆွဲခံရခြင်း မဟုတ်ကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်သည်။
အသက် ၂၆ နှစ်အရွယ် ဘယ်လာရုစ်မော်ဒယ် VERA KRAVTSOVA စက် တင်ဘာလအတွင်း ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် ပြန်ပေးဆွဲခံရပြီး ကိုယ်တွင်းကလီစာများ ရောင်းစားခံရခြင်း၊ ညှဉ်းပန်းနှိပ်စက် ခံရပြီး အလောင်းကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရသည်။
ယင်းနောက် ပြန်ပေးဆွဲသူ သတ်ဖြတ်ခဲ့သော ရာဇဝတ်ဂိုဏ်းက အသက် ၂၆ နှစ်အရွယ် ဘီလာရုမော်ဒယ် VERA KRAVTSOVA ၏ မိသားစုထံသို့ ဆက်သွယ်ကာ အရိုးပြာ လိုချင်ပါက အမေရိကန် ဒေါ်လာ ၅၀၀၀၀၀ (ဘတ် ၁၈ သန်းခန့်) တောင်းဆိုခဲ့ကြောင်း ၊ ယင်းနောက် ဘယ်လာရုစ်အစိုးရ၏ ကြားဝင်မှုဖြင့် ငွေပေးရန်မလိုဘဲ အရိုးပြာများ ပြန်ပေးရန် ပြန်ပေးသူများက သဘောတူညီခဲကြောင်း သိရှိရသည်။
ထိုင်းအာဏာပိုင်များ၏သတင်း ထုတ်ပြန်ချက်အရ ဘယ်လာရုစ် မော်ဒယ် VERA KRAVTSOVA သည် စက်တင်ဘာ ၁၂ ရက်နေ့ ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၀၇ နာရီ ၂၀ နာရီ မိနစ်အချိန် ထိုင်းအဲဝေး လေကြောင်းလိုင်း TG301 ဖြင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ သု၀ဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ရန်ကုန်လေဆိပ်သို့ ထွက်ခွာခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာသည့် မှတ်တမ်းများကိုလည်း ရရှိခဲ့ကြောင်း ၊ ဘယ်လာရုစ်မော်ဒယ်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်ခွာရာတွင် အတင်းအကျပ် ဖိအားပေး စေခိုင်းထားမှု မမြင်ရကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံမှ ရန်ကုန်သို့ ထွက်ခွာပြီးနောက် မော်ဒယ် အမျိုးသမီး မြန်မာနိုင်ငံတွင် သတ်ဖြတ်ခံရသည့်အခြေအနေများမှာ မည်သို့ မည်ပုံ ဖြစ်ပွားသည်ကို မသိရှိကြောင်း၊ ယင်းအခြေအနေမှာ ထိုင်းနိုင်ငံက လက်လှမ်းမမီကြောင်း၊ ထိုင်းနိုင်ငံအတွင်း ပြန်ပေးဆွဲခံရပြီး မြန်မာဘက်သို့ ရောက်ရှိသွားခြင်း မဟုတ်ကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်သည်။




