ဒီကနေ့ အောက်တိုဘာ ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်တပ်က KK Park ကို ဝင်စီးပြပြီး ကျားဖြန့် နှိမ်နင်းရေး အမည်တပ်တာဟာ ဖာခေါင်းလုပ်တဲ့ ပြည့်တန်ဆာနှိမ်နင်ရေး ဇာတ်လမ်းသာ ဖြစ်တယ်လို့ ကရင်အမျိုးသား အစည်း အရုံး- KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးက ပြောပါ တယ်။
– မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါရဟိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားတာ ကြောင့် စစ်သားတွေ ဆုတ်ခွာသွားပြီး အကြမ်းဖက် စစ်တပ်က ထောင်ထားခဲ့တဲ့မိုင်းတွေနှင့် ဖျက်ဆီးခဲ့မှု တွေကို ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
– ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက် စက်တပ် လေထီးနဲ့ ဗုံးကျဲ တိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ် တွေ ပျက်စီးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




