စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ကူကြီးကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ ဆားတောင်မြို့ပေါ်မှ ထွက်လာသော အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကူကြီးကုန်းကျေးရွာရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးပြီး ကျန်ကျေးရွာများကို ဆက်လက် ဝင်ရောက် စီးနင်းရန် ထွက်လာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက သိန်းချောင်းရွာအနီး ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးပြီး MA-1 သေနတ် ၂ လက် နှင့် အတူ စစ်သား အလောင်း ၁ လောင်းကို သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“ဆားတောင်မြို့ ကူကြီးကုန်ကျေးရွာကို မီးရှို့ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို သိန်းချောင်းရွာအနီးမှာ ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာတော့ စစ်ခွေး ၂ ကောင်သေတယ်။ အထိအခိုက်ကတော့ စုံစမ်းနေဆဲပါ။ စစ်ခွေး ထပ်တိုးသေတာတော့ မရှိဘူး။ စစ်ခွေး အရှင်မိတာမျိုးမရှိဘူး။ စစ်ခွေးဘက်က MA-1 သေနတ် ၂ လက်ကိုတော့ သိမ်းဆည်း ရရှိခဲ့ပါတယ်” ဟု ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆားတောင်မိုးကြိုး ပြည်သူကာကွယ်ရေတပ်ဖွဲ့နှင့် နယ်မြေအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





