30 C
Yangon

နွားကြီးထိုးမြို့နယ်၊ ကံကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

မန္တလေးတိုင်း၊ နွားကြီးထိုးမြို့နယ်၊ ကံကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်တင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းရှိ အင်အား ၅၀ ခန့်ဖြင့် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချ တပ်စွဲထားသော ကံကျေးရွာသို့ တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကံရွာကျေးရွာမှာက စစ်ခွေး အင်အားက ခန့်မှန်း​ခြေ ၅၀ ဝန်းကျင်လောက်ရှိတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့ နောက်မှာ စစ်ခွေးအလောင်းတွေနဲ့ ဒဏ်ရာရတဲ့ကောင်တွေကို ကားတွေနဲ့ မြို့ထဲကို သယ်သွားတယ်လို့ သိရပါတယ်။ စစ်ခွေး သေတာက ၅ ကောင်လောက်ရှိမယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူကပြောဆိုသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းနှင့် နွားထိုးမြို့နယ်ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သားများသည် ဆိုင်ကယ်များဖြင့် ကုန်းသာရွာဘက်ကို ထွက်ပြေး ဆုတ်ခွာသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article