25 C
Yangon

ရေကြည်မြို့မ ရဲစခန်းတွင် ရဲအချင်းချင်း စကားများရန်ဖြစ်ရာမှ ရဲတပ်သားကျော်ဇောလင်းက ဒုရဲအုပ်ကို သေနတ်ဖြင့် ပစ်ခတ်၊ ဒုရဲအုပ် ဆေးရုံတင်ထားရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ဧရာဝတီတိုင်း၊ ရေကြည်မြို့မ ရဲစခန်းတွင် ရဲအချင်းချင်း စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ဒုရဲအုပ် ၁ ဦး ဆေးရုံတင်ထား ရကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် လေးမျက်နှာမြို့နယ် ရဲစခန်းမှ ရဲတပ်သား ကျော်ဇောလင်းက ရေကြည်မြို့မရဲစခန်းသို့ အလုပ် တာဝန်ဖြင့် လာရောက်စဉ် ဒုရဲအုပ် ၁ ဦးနှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ စကားများ ရန်ဖြစ်စဉ် ရဲတပ်သား ကျော်ဇောလင်းသည် ၎င်းကိုင်ဆောင်ထားသော သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုအတွင်း ဒုရဲအုပ်သည် ကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ရေကြည်ဆေးရုံတွင် တက်ရောက် ကုသနေကြောင်း၊ ဒုရဲအုပ်မှာ ဒဏ်ရာအခြေအနေ ပြင်းထန်သောကြောင့် စိုးရိမ်ရပြီး လက်ရှိချိန်ထိ ကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဒုရဲအုပ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ တပ်သား ကျော်ဇောလင်းသည် အိုင်သပြုရဲစခန်းတွင် တာဝန်ထမ်းဆောင်စဉ်ကလည်း အမျိုးသမီး ၁ ဦးအား ခိုးပြေးပြီး ပြန်အပ်ကာ မင်္ဂလာဆောင်ရန် ရက်သတ်မှတ်ပြီးမှ လက်ထက် ယူဆောင်ခြင်းမရှိသော ကြောင့် တိုင်ကြားခံရပြီး သဲနုကုန်းရဲစခန်းသို့ ပြောင်းရွေ့ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

ထို သဲနုကုန်းစခန်းကို ယခုနှစ် ဇွန်လပိုင်းတွင် AA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သောကြောင့် လေးမျက် နှာမြို့မ ရဲစခန်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ‌သိရှိရသည်။

“ရေကြည်မြို့မ ရဲစခန်းကို လာတဲ့အချိန်မှာ စကားများရန်ဖြစ်ပြီးတော့ ကျော်ဇောလင်းက သေနတ်နဲ့ ၂ ချက်ပစ်တာလို့ သိရတယ်။ ပွဲချင်းပြီးတော့ မသေဘူး။ ဒဏ်ရာစိုးရိမ်ရတယ်လို့တော့ သိရတယ်။ အခု ရေကြည်ဆေးရုံမှာ တက်ရောက် ကုသနေရတယ်လို့ သိရတယ်” ဟု ရဲသတင်းရင်းမြစ်ကပြောဆိုသည်။

ဓာတ်ပုံ – ဒုရဲအုပ်ကို ပစ်ခတ်ခဲ့သော ရဲတပ်သားကျော်ဇောလင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဒုရဲအုပ်ကို ပစ်ခတ်ခဲ့သော ရဲတပ်သားကျော်ဇောလင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article