26 C
Yangon

ပေါက်မြို့နယ် အရှေ့မြောက်ခြမ်း လယ်ဘဲ့ကျေးရွာ အနီး​ စစ်ရှောင်တဲကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု အသက် ၃နှစ်ကျော် အရွယ် ကလေးငယ် ၁ ဦးအပါဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ​နိုဝင်ဘာ ၂

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့မြောက်ခြမ်း လယ်ဘဲ့ကျေးရွာ အနီး​စစ်ရှောင်တဲကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွင် အသက် ၃နှစ်ကျော် အရွယ် ကလေးငယ် ၁ ဦးအပါဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ ၆မိနစ်ခန့်အချိန် မိတ္ထီလာရှမ်းတဲလေတပ်မှတက်လာသော တိုက်လေယာဉ် ၁ စီး ဖြင့် ပေါက်မြို့နယ် အရှေ့မြောက်ခြမ်း လယ်ဘဲ့ကျေးရွာ အနီး​စစ်ရှောင်တဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဗုံးကျဲချသွားခဲ့ကြောင်းသိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း လယ်ဘဲ့ကျေးရွာ အနီး​စစ်ရှောင်တဲတွင် နေထိုင်သော အသက် ၃နှစ်ကျော်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အသက် ၆၀နှစ်ကျော် အမျိုးသား ၁ ဦး၊ အသက်အရွယ် ၅၀ ကျော် ဝန်းကျင်ရှိသော အမျိုးသမီး ၃ ဦးတို့ စုစုပေါင်း ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတယ်။ အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိတယ်။ ဘာတိုက်ပွဲမှ မရှိဘူး။ ဒီကောင်တွေ ဘာသတင်းရလို့ လာပစ်တာလည်း မသိဘူး။ အကြောင်းမဲ့သက်သက်ပေါ့။ လယ်ဘဲ့ရွာ အနီး​စစ်ရှောင်တဲတွေကို ပစ်သွားတာပါ။ အသက်အရွယ် ၆၀ ကျော် အမျိုးသား ၁ ဦး၊ အသက်အရွယ် ၅၀ ကျော် အမျိုး သမီး ၃ ဦး။ အသက် ၃နှစ်ကျော် ကလေးငယ် ၁ ဦးတို့ စုစုပေါင်း ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်။ ပေါက်နယ်က မိဘပြည်သူတွေ အနေနဲ့ လေကြောင်း၊ စစ်ကြောင်း၊ လက်နက်ကြီးအန္တရာယ်သတိရှိကြဖို့ ပြောချင်ပါတယ်”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။

အလားတူ ပေါက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကိုလည်း အောက်တိုဘာလ ၂၇ ရက်နေ့ ည ၈ နာရီခန့်အချိန် တံတားဦး လေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၅၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article