31 C
Yangon

ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဘက်အခြမ်းတွင် ထိုင်မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးကွန်ရက် ဖြန့်ကျက်နိုင်မှု ကို ဒရုန်းများ ဖြင့် စစ်ဆေး၊ ကျားဖြန့်ရာဇဝတ်မှုများတွင် ထိုင်းဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနိုင်ခြေရှိ၊ မရှိဆန်းစစ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်မြို့ နယ်စပ်တစ်လျှောက်လုံးတွင် ထိုင်မိုဘိုင်းလ်ဖုန်းကွန်ရက်နှင့်ဆက်သွယ်ရေးကွန်ရက်ဖြန့်ကျက်နိုင်မှု ကို ဒရုန်းများ လွှတ်တင်၍ တိုင်းတာပြီး ကျားဖြန့်ရာဇဝတ်မှုများတွင် ထိုင်းဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနိုင်ခြေရှိ၊ မရှိ ယနေ့ ဆန်းစစ်ကြောင်း် ထိုင်း The Reporter က သတင်းဖော်ပြသည်။

ထိုင်းနိုင်ငံဆက်သွယ်ရေးဆိုင်ရာ ကော်မရှင်-NBTC အပါအဝင် ထိုင်းအာဏာပိုင်များက ထိုင်းဘက်အခြမ်းရှိ ဆက်သွယ်ရေး တာဝါတိုင်များက ရွှေက္ကိုလ်ဘက်အထိ မည်မျှ လိုင်းဆွဲအားနှင့် စင်ဂနယ် ရောက်ရှိနိုင်သည်ကို ဒရုန်းပျံသန်း၍ တိုင်းတာခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံမှ ဝန်ကြီးဌာနပေါင်းစုံပါဝင်သော စုပေါင်းအဖွဲ့က ရွှေကုက္ကိုလ်၏ တစ်ဖက်ကမ်းရှိ ထိုင်းဘက်အခြမ်းမှ မိုဘိုင်းဖုန်းတာဝါတိုင်များနှင့် လိုင်းဆွဲအားအချက်ပြမှုများကို စစ်ဆေးခဲ့ပြီး နယ်စပ်တစ်လျှောက်တွင် မိုဘိုင်းဝန်ဆောင်မှုအရည်အသွေးနှင့် roaming အခြေအနေများ ၊ ကျားဖြန့်နှင့်ဆက်စပ်သော ဆိုက်ဘာရာဇဝတ်မှုများတွင် ထိုင်းဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုနိုင်ခြေများကို စစ်ဆေးခဲ့ကြကြောင်း၊ အဆိုပါ လုပ်ငန်းမှာ ထိုင်းဝန်ကြီးချုပ်၏ အမိန့်အရ ထိုင်းဆက်သွယ်ရေး ကော်မရှင်က ဦးစီးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းဆက်သွယ်ရေးကော်မရှင်- NBTC က အန္တရာယ်များသော နယ်စပ်ဒေသများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ရပ်ဆိုင်းရန် အစီအမံများ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ NBTC ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် သက်တမ်းရှိနေသေးသော ဆက်သွယ်ရေးလိုင်စင်ရသူများအတွက် နည်းပညာဆိုင်ရာ ရာဇဝတ်မှုများကို ကာကွယ်ရန် အစီအမံများနှင့် ပတ်သက်၍လည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံမှ လူထုကို ကာကွယ်ရန်နှင့် နည်းပညာဆိုင်ရာ ရာဇဝတ်မှုများမှ ဖြစ်ပေါ်လာနိုင်သော ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ရန်အတွက် အစီအမံ ၈ ခု ချမှတ်ထားခဲ့​ကြောင်း၊ NBTC က နယ်စပ်ဒေသများသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး NBTC ၏ အစီအမံများနှင့် ဆက်စပ်ဥပဒေများကို မလိုက်နာကြောင်း ဆက်သွယ်ရေးလိုင်စင်ရသူများ တွေ့ရှိပါက ဥပဒေအရ အရေးယူမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။

“ထိုင်းက မြဝတီ ၊‌ ရွှေကုက္ကို ကျားဖျန် BGF ဂိတ် တွေတစ် လျှောက်လုံး ကို ဒရုန်း နဲ့ ပျံပြီး ဖုန်းစင်ကနယ် ဘယ်အထိလိုင်းယူထားလဲ၊ ဝိုင်ဖိုင် ကေဘယ် တွေ ဘယ်နေရာက ဖြတ် ပြီသွယ် ထား လဲ ဆိုတာ သံလိုက်လှိုင်း စကန် စက်နဲ့ ဒရုန်းမှာ တပ်ပြီး လိုက်ရှာတာလုပ်တယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ယနေ့ ထိုင်းအာဏာပိုင်များက ဒရုန်းဖြင့် မြန်မာဘက်အခြမ်းမှ ထိုင်းဆက်သွယ်ရေးတာဝါတိုင်များကို စစ်ဆေးသဖြင့် DKBA ၊ BGF ၊ KNLA PC ဂိတ်များတွင် ဖုန်းလိုင်းများ အကုန်ပိတ်ထားပြီး ငြိမ်သက်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article