ဒီကနေ့ နိုဝင်ဘာ ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အာရက္ခတပ်တော် AA စီးဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တည်ရှိရာ နေရာနဲ့ AA ရုံးဌာနချုပ်ကို စုံစမ်းဖော်ထုတ်ဖို့ အကြမ်းဖက် စစ်တပ်ရဲ့ နေပြည်တော်စစ်ရုံးက ညွှန်ကြားနေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို အသိပေးပြောဆိုလာပါတယ်။
- အကြမ်းဖက် စစ်တပ်က ရန်ကုန်မြို့မှာ ကထိန်၊ တန်ဆောင်တိုင်မီးထွန်းပွဲနဲ့ စျေးပွဲတော်တွေအတွင်း ရန်ဖြစ်မှု၊ ခိုးဆိုးလုယက်မှု နဲ့ မူးယစ်သောင်းကျန်းသူ လူငယ်တွေကို အမှုဖွင့် အရေးယူတဲ့အဆင့်ကို မလုပ်တော့ပဲ စစ်မှုထမ်းအဖြစ် တခါတည်း စုဆောင်းလိုက်တယ်လို့ စုဆောင်းခံရတဲ့ လူငယ်တချို့ရဲ့ မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက်စု စစ်တပ်ဂိတ်အနီးမှာပဲ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပုလောမြို့ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သူ့ရဲ့သက်တော်စောင့်တို့ ၂ ဦးကို တော်လှန်ရေး ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းရာမှာ ၂ ဦးစလုံး နေရာမှာတင် ပွဲချင်းပြီးတွေကို သေကုန်ကြတဲ့အပြင် သူတို့ဆီက သေနတ် ၁ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




