ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကောင်းမွန်ကြောင်း အကြမ်းဖက် စစ်တပ်က မနေ့က သတင်းထုတ်ပြန်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုအပါအဝင် သက်သေတစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိပါဘူး။
- ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲမှာလည်း ကျားဖြန့် တရုတ်နိုင်ငံသား ထောင်ချီ ရောက်ရှိလာနေပြီး အဲဒီကျားဖြန့်တရုတ်တွေကို ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA က ခေါ်သွင်းလာတာဖြစ်တယ်လို့ ဘုရားသုံးဆူအခြေစိုက် ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
- အကြမ်းဖက်စစ်တပ်ဘက်တော်သား ဟာသလူရွှင်တော် ဒိန်းဒေါင်ရဲ့မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေးထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




