32 C
Yangon

“အညာဒူဘိုင်းကနေ နေ့စဉ် သိန်းထောင်ချီရနေတယ်ဆိုရင် တော်လှန်ရေးအောင်တာ ကြာပြီပေါ့ဗျာ။ မရပါဘူး။ ရတဲ့ဟာကလည်း ပအဖ ကနေ NUG ဆီကို အပ်ရတယ်။ ပြီးမှ ပြန်လည်မျှ ဝေသုံးစွဲ ရတာ။ ရတာကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် လက်နက်ခဲယမ်းအကုန် ပြန်ဝယ်ရတာပါပဲ။”

Must read

ပခုက္ကူခရိုင် ပကဖ ခေါင်းဆောင် ဗိုလ်လင်္ကျာ နှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

ကိုလင်္ကျာ ဆိုသူဟာ ကျောင်းဆရာဘဝကနေ စစ်အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်ကို မြိုင်ဒေသမှာ အခြေပြုပြီး လက်နက်စွဲကိုင်တော်လှန်ခဲ့သူဖြစ်ပါတယ်။

တော်လှန်ရေးကို အောက်ခြေကနေ အဆင့်ဆင့်ဖြတ်သန်းပြီးနောက် မြိုင်ပကဖ ခေါင်းဆောင် အဲဒီကနေမှ ပခုက္ကူခရိုင် ပကဖခေါင်းဆောင်ဖြစ်လာပြီးနောက် အခုလက်ရှိမှာတော့ မကွေး ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရ သူလည်းဖြစ်ပါတယ်။

သူအုပ်ချုပ်ရာဒေသမှာ အညာဒူဘိုင်းဆိုတဲ့ ရေနံတူးဖော်တဲ့ကိစ္စတွေ၊မှော်ထဲက KTV ပြည့်တန်ဆာခန်း ကိစ္စတွေ အွန်လိုင်းမှာပြန့်နှံ့ခဲ့ပါတယ်။

အဲဒီ KTV ပြည့်တန်ဆာနဲ့ ပတ်သက်တဲ့ကိစ္စတွေ ရေနံတွင်းတွေကနေ တနေ့ သိန်းထောင်ရနေတဲ့ကိစ္စ ဗဟင်းရွာက ပအဖ အဖွဲ့ဝင်တစ်ဦး ပကဖအဖွဲ့ဝင်တွေလက်ချက်နဲ့ သေဆုံးခဲ့ကိစ္စတွေကို သိရအောင် ပခုက္ကူခရိုင် ပကဖခေါင်းဆောင် ဗိုလ်လင်္ကျာကို ဆက်သွယ်မေးမြန်းထားပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article