28 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

– မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရ လက်ထက်က တိုင်းပြည်ရဲ့ တချို့ကဏ္ဍတွေမှာ တိုးတက်မှုတွေ ရှိခဲ့ပေမယ့် စစ်တပ် အာဏာသိမ်းမှုကြောင့် အကျပ်အတည်းနဲ့ နိုင်ငံရေးဟာ ရှုပ်ထွေးသွားရတယ်လို့ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်က အတိအလင်း ပြောဆိုလိုက်ပါတယ်။

– ကရင်နီပြည်နယ် ဖားဆောင်းမြို့က အကြမ်းဖက် စစ်တပ်ရဲ့ လက်ကျန်တပ်ရင်းကို အင်အားဖြည့် ဖို့ဆိုပြီး ထွက်လာတဲ့ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို အရှေ့ကနေ အသေခံခိုင်းပြီး စစ်ကြောင်းထိုးနေရာမှာ တိုက်ပွဲအတွင်း စစ်မှုထမ်းတပ်သားအများအပြား ထိခိုက်သေဆုံးနေကြတယ်လို့ ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ အမှတ် ၁၁ ရပ်ကွက် ရတနာလမ်းသွယ်အနီး ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၁ လုံးထိမှန်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– အိုမန်နိုင်ငံမှာ အမေရိကန်နဲ့ အီရန်တို့ ဆွေးနွေးမှုတွေ စတင်ပြီး အမေရိကန်ဘက်က ထိပ်သီး စစ်ခေါင်းဆောင် တက်ရောက်ခဲ့ပြီး တစ်စုံတစ်ရာ သဘောတူညီမှု မရသေးတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article