ရန်ကုန်၊ ဧပြီ ၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦး နှိပ်စက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းပေါ်တွင် စွန့်ပစ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က နှိပ်စက်သတ်ဖြတ်ထားသော ပြည်သူ ၄ ဦး၏ ရုပ်အလောင်းကို( မရှီကထောင်နှင့် စည်ပင် လမ်းဆုံရှိ ရွှေမြန်မာဆီဆိုင်အနီးတွင် အိမ်စီးကားဖြင့် လာရောက် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ဖားကန့်မြို့တွင် ၎င်တို့ သံသယရှိသူများကို လိုက်လံဖမ်းဆီးပြီး တပ်မကုန်း၌ ရိုက်နှက် နှိပ်စက်ကာ စစ်ဆေးရေး လုပ်ဆောင်ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို လိုက်လံစွန့်ပစ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဖားကန့်မြို့မှာ စစ်ခွေးတွေက သူတို့ သံသယရှိတဲ့သူတွေကို လိုက်ဖမ် ဆီးပြီး တပ်မကုန်းပေါ်မှာ စစ်ကြောရေးဝင်တယ်။ စစ်ခွေးတွေ နှိပ်စက်ပြီး လက်လွန်လို့ သေဆုံးသွားတဲ့ သူတွေရဲ့ ရုပ်အလောင်းကို အဲလိုပဲ လိုက်ပြီး စွန့်ပစ်နေတာ ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာလဲ ဖားကန့်မြို့ တပ်မကုန်းမှာ သတ်ဖြတ်ပြီး အိမ်စီးကား 4 wheel နဲ့ ရွှေမြန်မာ ဆီဆိုင် လမ်းဆုံ အနီးမှာ ပစ်ချ သွားတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ဖားကန့်တွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်တပ်က အထိနာသောကြောင့် ပြည်သူများကို ပစ်မှတ်ထားကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။





