30.2 C
Yangon

ချင်းပြည်အစိုးရအဖွဲ့နှင့် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့တွေ့ဆုံပြီး အပြန် အလှန် ချိတ်ဆက် လုပ်ဆောင်ရန် ဆွေးနွေး၊ ချင်းပြည်တွင် ဆေးတက္ကသိုလ်ဖွင့်လှစ်

Must read

ရန်ကုန်၊ ဧပြီ ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီး ဒေါက် တာ ဇော်ဝေစိုးက ချင်းပြည်အစိုးရ အဖွဲ့နှင့် တွေ့ဆုံပြီး လုပ်ငန်းများ အပြန်အလှန် ချိတ်ဆက် လုပ်ဆောင်ရန် ဆွေးနွေးကြောင်း ချင်းပြည်(Chinland)အစိုးရက သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၄ ရက်နေ့ ချင်းပြည်နယ်၊ ချင်းလုံမြို့ အစည်းအဝေးတွင် ချင်းပြည်(Chinland) ကောင်စီ၊ ချင်းပြည်(Chinland) အစိုးရ အဖွဲ့၊ ချင်းပြည်(Chinland)လွှတ်တော်မှ အကြီးအကဲများ၊ ဝန်ကြီးများ၊ စာရင်းစစ်ချုပ်နှင့် NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံကြကြောင်း၊ အဆိုပါတွေ့ဆုံမှုတွင် ချင်းပြည်(Chinland)ကောင်စီနှင့် အမျိုးသားညီညွှတ်ရေးအစိုးရအကြား လုပ်ငန်းအပြန်အလှန်ချိတ်ဆက်ဆောင်ရွက်သည့် အကြောင်းအရာများများ ဆွေးနွေးကြကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ချင်းပြည်(Chinland) ကောင်စီနှင့် မဏ္ဏိုင် ၃ ရပ်၏ လုပ်ငန်းဆောင် ရွက်မှုအခြေအနေများနှင့် အမျိုးသားညီညွှတ်ရေးအစိုးရ၏ လုပ်ငန်းအခြေအနေများကို အပြန်အလှန်ဆွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့အပြင် ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော Chinland Jordan School Of Medicine ဆေးတက္ကသိုလ်ဖွင့်လှစ်ပွဲသို့ NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article