28.8 C
Yangon

ရန်ကုန်မြို့လယ်တွင် အရက်မူး ကခုန်ကာ ယာဉ်ကြောရှင်းပေးခဲ့သည့် ခရိုင်လုံခြုံရေး အကြမ်းဖက် ရဲမှူး မျိုးမြင့်ဝင်းကို ရဲစည်းကမ်းဖြင့် အရေးယူမည်ဟု ဆို

Must read

ရန်ကုန်၊ ဧပြီ ၁၆

ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်တွင် အရက်မူး ကခုန်ကာ ယာဉ်ကြောရှင်းပေးခဲ့သည့် ခရိုင်လုံခြုံရေး အကြမ်းဖက် ရဲမှူး မျိုးမြင့်ဝင်းကို ရဲစည်းကမ်းဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်တပ်ဘက်တော်သားများက ဖြန့်ဝေနေသော အရေးယူမည့် ညွှန်ကြားစာအရ သိရှိရသည်။

သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်၌ Mia TikTok Account မှ “The atmosphere among the Myanmar police is so great” ခေါင်းစဉ်ဖြင့် ရဲမှူးအဆင့်ရှိ ရဲတပ်ဖွဲ့ ယူနီဖောင်းအား ဝတ်ဆင်ထားသူ ၁ ဦးမှ အများပြည်သူသွားလာနေသည့် လမ်းပေါ်၌ မူးယစ်ကခုန် ပျော်ပါးကာ ယာဉ်ကြောရှင်းလင်းပေးနေသည့် ဗီဒီယို ဖိုင်နှင့်အတူ ဖော်ပြပါရှိလာမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ကစိစစ်ခဲ့ကြောင်း သိရှိရသည်။

စိစစ်မှုများအရ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်ရှိ “သင်္ကြန်လုလင်” မဏ္ဍပ်အနီး ခရိုင်လုံခြုံရေးတပ်ဖွဲ့မှူး၊ ရဲမှူး မျိုးမြင့်ဝင်းက ရေကစားမဏ္ဍပ်များတွင် လုံခြုံရေးဆောင်ရွက်နေရာမှ အရက်မူးပြီး ရာထူးနှင့် လျော်ညီမှုမရှိသည့် အပြုအမူများဖြင့် မူးယစ်ကခုန်ကာ ယာဉ်ကြောရှင်းလင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရဲမှူး မျိုးမြင့်ဝင်း အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article