26.7 C
Yangon

မိတ္တီလာဗဟိုမဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မဏ္ဍပ်ကို စစ်တပ်က ပိတ်သိမ်း၊ လူထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ ဧပြီ ၁၆

မန္တလေးတိုင်း၊ မိတ္တီလာမြို့ သင်္ကြန်ဗဟိုမဏ္ဍပ်အနီး ပါဝါစပလိုင်း (Power Supply) တွင် ယနေ့ ဧပြီလ ၁၆ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဗဟိုသင်္ကြန်မဏ္ဍပ်ကိုစစ်တပ်က အပြီးပိတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အလွန်ထူထပ်စွာ ကင်းပုန်းဝပ် လုံခြုံရေးယူထားသည့်ကြားမှ မဏ္ဍပ်ဘေးရှိ လျှပ်စစ်မီးပေးဝေရေး စနစ်တွင် ဗုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးအကြောင်းပြ၍ ဗဟိုသင်္ကြန်မဏ္ဍပ်ကို ဆက်လက်မကျင်းပတော့ဘဲ ချက်ချင်းရပ်နားကာ အပြီးတိုင် ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

“မဏ္ဍပ်ဘေးက ပါဝါစပလိုင်းမှာ ဗုံးကွဲတာပါ။ အခုတော့ ဗဟိုမဏ္ဍပ်လည်း ပိတ်သွားပြီ။ လမ်းတွေလည်း အကုန်ပိတ်ပြီး အထဲပေးမဝင်တော့ဘူး” ဟု မိတ္တီလာဒေသသတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောကြားသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားသော ဗဟိုမဏ္ဍပ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သင်္ကြန်ရေကစားမဏ္ဍပ်ဖြစ်ပြီး စစ်တပ်၊ ရဲနှင့်ပျူစောထီးများက အထူးပိတ်ဆို့ထားသော နေရာဖြစ်ကြောင်း၊ ပြင်ပမှ လူများ ဝင်ထွက်ရန် မလွယ်ကူဘဲ အချင်းချင်း ဗုံးပြန်ခွဲခြင်းဖြစ်နိုင်ကြောင်း မိတ္တီလာဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

“ဗဟိုမဏ္ဍပ်နားမှာက တပ်၊ရဲနဲ့ ပြည်သူ့စစ်တွေ အများကြီးချထားတာ။ သူတို့ဟာသူတို့ ပြန်ခွဲပြီး အခြားသူကို အပြစ်ဖို့ပဲ လုပ်တယ်လို့ ထင်တာပဲ။ ဘာလို့ဆိုတော့ ထွေ/အုပ်မဏ္ဍပ်လေ။ ဘယ်သူမှ အနားကပ်ဖို့ မလွယ်ဘူး” ဟု မိတ္တီလာဒေသပြည်သူက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article