30 C
Yangon

ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှု ခရီးသွား အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ခရီးသွား အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ကာမိုင်း-ဖားကန့်လမ်းပိုင်းမှ ဖားကန့်ကို တက်လာသော ကား ၁ စီးကို အကြမ်း ဖက် စစ်တပ်က နန့်ယားကျေးရွာအနီး သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ် တိုက်ခိုက်မှုအတွင်း ကားကို ကျည်ထိမှန်ခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ အမျိုးသား ၁ ဦးလည်း ကျည်ထိမှန်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဖားကန့်-နန့်ယား-ကာမိုင်း လမ်းပိုင်းကို အသုံးပြု၍ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အဲဒီလမ်းပိုင်းက စစ်ခွေးတွေပဲ စစ်ရေးလှုပ်ရှားမှု အများဆုံးလုပ်နေတဲ့ လမ်းပိုင်းပဲ။ သူတို့ပဲ စိုးမိုးထားတာ မနေ့က ပစ်တာလဲ စစ်ခွေးတွေပစ်တာလို့ သိရတယ်။ အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုး သား ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်တယ်လို့ သိရတယ်” ဟု ဖားကန့်ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ဖားကန့်-နန့်ယား-ကာမိုင်း လမ်းပိုင်း တွင် အကြမ်းဖက် စစ်တပ်က စစ်ရေးလှုပ်ရှားနေခြင်းကြောင့် ဧပြီလ ၂၂ ရက် နေ့မှ စတင်ပြီး အများပြည်သူခရီးသွားလာခြင်း၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ် သန်းသွားလာခြင်းကို ရက်အကန့် အသတ်မရှိ (ယာယီ) ပိတ်ပင်လိုက်ကြောင်း KIA အမှတ် ၆ တပ်ရင်းက ဧပြီလ ၂၁ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article