30 C
Yangon

သရက်ချောင်းနှင့်မြောင်မြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့်ရဲစခန်းတို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိ

Must read

ရန်ကုန်၊ ဧပြီ ၂၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်တိုက်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားနေကြောင်း သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဂုံညင်းဆိပ်ကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများအသုံးပြု၍ လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့် ထိခိုက်သေဆုံးမှုရှိကြောင်း၊အဆိုပါစစ်ဆင်ရေးကို မတ်လ ၂၉ ရက်နေ့မှ စတင်ကာ ဧပြီလ ၁၉ ရက်နေ့အထိ Multirotor Drone နှင့် Fixed Wing ဒရုန်းများအသုံးပြု၍ ဆက်တိုက်လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက “စစ်ခွေးထိခိုက်သေဆုံးမှုစာရင်းကတော့ ဆယ် ဂဏန်းလောက်တော့ရှိမယ်။ ခန့်မှန်းစာရင်းလောက်ပဲ သိရတယ်။ ကျနော်တို့ အတိအကျပြောဖို့တော့ခက်တယ်။ မြေပြင်ထိတွေ့တိုက်ပွဲတချို့လည်း ရှိတာဆိုတော့ အရေအတွက်ကို ခန့်မှန်းလောက်ပဲသိရတယ်။ ကျွန်တော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့၊ Saw Dragon Drone Force (SDDF) အမှတ် ၁၈၀၃ အထူးဒရုန်းတပ်ရင်း၊ ဒေါင်းညီနောင်စစ်ကြောင်း PBDF ဒရုန်းတပ်ဖွဲ့ နှင့် Dawei Defense Team (DDT) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ ရဲစခန်းကိုလည်း ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၇ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ MOC မြောင်ဘီလူးစစ်ကြောင်းမှ ရဲဘော်များက ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Myaung Ogre Column စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက “ဒီမနက် ၇ နာရီလောက်က မြောင်မြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ဝင်ပစ်တာပါ။ စကစ ၂ ယောက် အပြင်းအထန် ဒဏ်ရာရပါတယ်။”ဟု ပြောဆိုသည်။

အဆိုပါ Myaung Ogre Column (MOC) ဘီလူးစစ်ကြောင်းကို မြောင်မြို့နယ်အတွင်းရှိ ဒေသခံကာ ကွယ်ရေး LPDF အဖွဲ့များဖြစ်ကြသော MRF တပ်ဖွဲ့ (၁)၊ MRF တပ်ဖွဲ့ (၂)၊ HERO တပ်ဖွဲ့၊ BLOOD BROTHERS တပ်ဖွဲ့ နှင့် MYAUNG LOCAL တပ်ဖွဲ့တို့က စုပေါင်းကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စနစ်တကျ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

MOC ဘီလူးစစ်ကြောင်းအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက် သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးသည်အထိ လက်တွဲညီညီ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ- Myaung Ogre Column (MOC) ဘီလူးစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များက မြောင်မြို့ပေါ်သို့ ရောက်ရှိခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article