28 C
Yangon
- Advertisement -spot_img

TAG

Aung San Su Kyi

မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကြီးက မေ့လျော့နေဟု သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်ပြော

ရန်ကုန်၊ မေ ၃၁ ကမ္ဘာကြီးက မြန်မာစစ်တပ်၏ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ကို မေ့လျော့နေကြပုံရကြောင်း သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က EL PAÍS သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောဆိုသည်။ လက်ရှိတွင် စစ်တပ်က မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ထားရှိသည်ဆိုသည်နှင့်ပတ် သက်၍ ခိုင်လုံသော...

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ၈၁ ကီလိုမီတာပြေးခြင်း၊ ခြေလှမ်း ၈၁၀၀၀ လျှောက်ခြင်းနှင့် ၈၁ မိုင် စက်ဘီးစီးခြင်း လှုပ်ရှားမှုများတွင် ပါဝင်ကြရန် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် တိုက်တွန်း

ရန်ကုန်၊ မေ ၂၈ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သူမ သက်ရှိထင်ရှား ရှိ၊ မရှိ သက်သေပြရန် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှုအဖြစ် ၈၁ ကီလို မီတာ ပြေးခြင်း၊ ခြေလှမ်း ၈၁,၀၀၀ လျှောက်ခြင်းနှင့် ၈၁ မိုင် စက်ဘီးစီးခြင်း...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ထောင်ဝင်စာ ပါဆယ် ပုံမှန် ပို့ခွင့်ရရှိနေသော်လည်း လူချင်းတွေ့ဆုံခွင့်ကိုမူ စစ်တပ်က ခွင့်မပြုသေးဟု ရှေ့နေအဖွဲ့ပြော

ရန်ကုန်၊ မေ ၁၆ အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားသော လူထုခေါင်းဆောင်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပုံမှန် ပါဆယ် ပို့ခွင့်ရရှိနေသော်လည်း လူချင်းတွေ့ဆုံခွင့်မှာမူ စစ်တပ်က ခွင့်မပြုသေးဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၃၀ ရက်နေ့မှစတင်၍ နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်သော်လည်း...

မိခင်ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြချက်ရရှိရေး မြန်မာစစ်တပ်ကို ဖိအားပေးရန် သားဖြစ်သူ ကင်မ်အဲရစ်က ပြင်သစ်သမ္မတမက်ခရွန်ထံသို့ အကူအညီတောင်းခံစာပေးပို့

ရန်ကုန်၊ မေ ၁၅ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း တိကျသည့် သက်သေပြချက်ရရှိရေး မြန်မာစစ်တပ်ကို ဖိအားပေးရန် သားဖြစ်သူ ကိုထိန်လင်း (ခ)ကင်မ်အဲရစ် (Kim Aris) က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ထံသို့ အကူအညီတောင်းခံစာ ပေးပို့ခဲ့ကြောင်း The Diplomat...

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ် ပြုကာ ခေါင်းဆောင်တာဝန်များ ထမ်းဆောင်နိုင်ရမည်ဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ပြော

ရန်ကုန်၊ မေ ၈ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးပြီး ခေါင်းဆောင်တစ်ဦး အဖြစ် အသိအမှတ်ပြုကာ ခေါင်းဆောင်တာဝန်များ ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ Ferdinand Romualdez Marcos Jr. က ထုတ်ဖော်ပြောဆိုလိုက်သည်။ ယနေ့ မေလ ၈ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သော...

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် ဗြိတိန်နှင့် ဩစတြေးလျက ထပ်မံတောင်းဆို

ရန်ကုန်၊ ​မေ ၆ အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ဗြိတိန်နှင့်ဩစတြေးလျတို့က ထပ်မံတိုက် တွန်း တောင်းဆိုလိုက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား ထောင်မှနေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း ကြေညာချက်နှင့်ပတ်သက်၍ ယူကေနှင့် ဩစတြေးလျအစိုးရတို့က ၎င်းတို့၏ သဘောထားများကို ယနေ့တွင် အသီးသီးထုတ်ပြန်ခဲ့ကြပြီး...

နေအိမ်အချုပ်ပြောင်းလဲ ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ခွင့်မရ ၊ ဥရောပသမဂ္ဂက ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆို

နေအိမ်အချုပ်ပြောင်းလဲ ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ခွင့်မရ ၊ ဥရောပသမဂ္ဂက ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆို ရန်ကုန်၊ မေ ၃ အကြမ်းဖက်စစ်တပ်က နေအိမ်အချုပ်ပြောင်းလဲ ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့က ယနေ့ တွေ့ခွင့်ရရှိရန် ကြိုးစားခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ကြောင်း ရှေ့နေအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၃၀...

ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ဖမ်းဆီးထားရာမှ တည်နေရာမဖော်ပြသော နေအိမ်အချုပ်ပြောင်းလဲမှု စစ်တပ်၏ နိုင်ငံရေးလှည့်စားချက်သာဖြစ်ဟု NLD သတိပေး

ရန်ကုန်၊ မေ ၃ မြန်မာပြည်သူလူထု၏ ရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့်ပေးခြင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းတို့သည် နိုင်ငံရေးအရ အပြုသဘောဆောင်သည့် လမ်းစမဟုတ်ဘဲ စစ်တပ်၏ လှည့်စားချက်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။ NLD ဗဟိုအလုပ်ကော်မတီ၏...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆို

ရန်ကုန်၊ မေ ၂ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆိုလိုက်ကြသည်။ ဧပြီလ ၃၀ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံနေရသည့်နေရာကို ပြောင်းလဲလိုက်ပြီး သတ်မှတ်ထားသည့်နေအိမ်တွင် ပြစ်ဒဏ်များ ဆက်လက်ကျခံရန် အကြမ်းဖက်စစ်တပ်က ပြောင်းလဲ...

“ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်ရင်းနဲ့ ထောင်ဝင်စာ အမြဲပို့တယ် ပုံမှန်ပို့တယ်။ ဆန်းဒေး ဆို သွားတာပဲ။ အဲဒီတော့ လာမယ့် ဆန်းဒေးကို ထောင်ဝင်စာ ပို့မှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့မှာ မဟုတ်သေးဘူး။ ထောင်ဝင်စာ သွားပို့မှာ။ တွေ့ခွင့်ရရင်လည်းတွေ့မှာပေါ့”

By ရန်ကုန်ခေတ်သစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့က သွားရောက်တွေ့ဆုံမည့် အပေါ် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတစ်ဦးကို ရန်ကုန်ခေတ်သစ် သတင်းဌာနက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့က သွားတွေ့မယ်လို့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်ပြီး ဘာများသိထားတာရှိသေးလဲ။ ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကတော့...

Latest news

- Advertisement -spot_img