By ရန်ကုန်ခေတ်သစ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့က သွားရောက်တွေ့ဆုံမည့် အပေါ် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတစ်ဦးကို ရန်ကုန်ခေတ်သစ် သတင်းဌာနက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့က သွားတွေ့မယ်လို့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်ပြီး ဘာများသိထားတာရှိသေးလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကတော့ သပ်သပ်ကြီးတော့ သွားတွေ့တာမဟုတ်ဘူး။ ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်ရင်းနဲ့ ထောင်ဝင်စာ အမြဲပို့တယ် ပုံမှန်ပို့တယ်။ ဆန်းဒေး ဆို သွားတာပဲ အဲဒီတော့ လာမယ့် ဆန်းဒေးကို ထောင်ဝင်စာ ပို့မှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့မှာ မဟုတ်သေးဘူး။ ထောင်ဝင်စာ သွားပို့မှာ။ တွေ့ခွင့်ရရင်လည်းတွေ့မှာပေါ့။
မေး။ ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မြို့နယ်ထဲမှာ နေအိမ်အကျယ်ချုပ်ထားတာလဲ။
ဖြေ။ ။ ဘယ်မြို့နယ်ထဲမှာ နေအိမ်အကျယ်ချုပ်ထားလဲဆိုတာလည်း မသိဘူး။ ဟိုကျမှ သိရမှာ သူကဖြင့် ဘယ် သူမှ ဘာမှမပြောဘူးလေ။ ကျနော်တို့ကို ပြောတာလည်း မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ပြောတာမဟုတ်ဘူး။ နေအိမ်အချုပ်ချလိုက်တယ်ဆိုတာ ထောင်ချလိုက်တာပဲ။ နေအိမ်မှာ ထောင်ချလိုက်တာပဲ။ ထောင်မှာနေရတာတော့ မဟုတ်ဘူး။ မနက်ပိုင်းက အချုပ် ၆ ပုံ ၁ ပုံလျှော့ပေးလိုက်တယ်။ ပေးပြီးတော့ ညနေကျတော့ ၅၄၁ နဲ့ ထောင်အကျယ်ချုပ်ချလိုက်တာပဲ။ ထောင်ပဲ။ နေအိမ်ကို ထောင်လုပ်လိုက်တာပေါ့။ ဒီသဘောပဲ ဘာမှမလျှော့ဘူး။ သမ္မတ ဦးဝင်းမြင့်ကျတော့ အကုန်လျှော့ပေးလိုက်တာ။
မေး။ ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့က လတ်တလော ဘာမှ မသိရသေးတဲ့ အခြေအနေလား။
ဖြေ။ ။ ဘာမှ မသိရသေးဘူးပေါ့။ ညက ကြေညာတဲ့အတိုင်းပဲ ၅၄၁ နဲ့ နေအိမ်အကျယ်ချုပ်ချလိုက်တယ်အဲတာပဲ သိရသေးတယ်။ ထောင်ပဲ အိမ်ကို ထောင်လုပ်လိုက်တာပဲ ဒါပေမယ့် သူ့ရုပ်ကို ထုတ်ပြလိုက်တယ်။ မသေသေးဘူးဆိုတာကို ပြတာပေါ့။ လူတွေက သေပြီသေပြီနဲ့ သူ့သားကလည်း ပြောနေတော့ အကုန်လုံးကလည်း ပြောနေတဲ့ အခါကျတော့ နိုင်ငံတကာကလည်း ပြောနေတော့ အဲဒါ ထုတ်ပြလိုက်တာပေါ့။ အဲဒါကိုလည်း AI နဲ့လို့ အမျိုးမျိုးပြောတာပေါ့။ အမျိုးမျိုးပြောတော့ ကျနော်တို့လည်း မသိဘူးလေ AI တွေလည်း နားလည်တာမဟုတ်ဘူး။ ရုပ်ကတော့ ကြည့်တဲ့ အခါကျတော့ ကျနော်တို့က ခန့်မှန်းလို့ ရတယ်လေ။ ထောင်ထဲမှာနေတဲ့ ကျနော်တို့ ဥက္ကဋ္ဌရဲ့ ရုပ်ပဲလေ။
မေး။ ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့မယ့် တနင်္ဂနွေနေ့မှ အခြေအနေအကုန်လုံးကို သိရမှာလား။
ဖြေ။ ။ ကျနော်တို့ သွားတွေ့မှာတော့ မဟုတ်ပါဘူး။ ထောင်ဝင်စာ သွားတွေ့မှာပေါ့။ ထုံးစံအတိုင်း ထောင်ဝင်စာသွားပို့မှာပေါ့။ ထောင်ဝင်စာသွားပို့ရင်လည်း သူ့ဆီကို တိုက်ရိုက်မရောက်သေးဘူး။ ရဲစခန်းကိုပဲပေးရတာ ရဲစခန်းပေးတဲ့ အခါကျတော့ ဟိုကလာယူမှာ စစ်တပ်က လာယူတာ။




