29.9 C
Yangon

ယင်းမာပင်နှင့်ပုလဲမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က နုံးတန်းရွာမှ အသက် ၆၀ ကျော်အရွယ် ဦးဆန်းဝင်းကို ပစ်သတ်၊ အင်တောရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ ကျော်ပြာကျ

Must read

ရန်ကုန်၊ မေ ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ပုလဲမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က နုံးတန်းရွာမှ အသက် ၆၀ ကျော်အရွယ် ဦးဆန်းဝင်းကို ပစ်သတ်ပြီး အင်တောရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ ကျော်ပြာကျခဲ့ကြောင်း အညာမြေပုလဲအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အင်အား ၂၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်တောရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာစီးနင်းခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းရှိ နေအိမ်များကို တစ်အိမ်တက်ဆင်း မီးရှို့ခဲ့ခြင်းကြောင့် လူနေအိမ် ၄၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ ၆ ရက်နေ့တွင် ယင်းမာပင်မြို့နယ် တောင်ခြမ်း ရင်ပေါင်တိုင်ရွာကို ရောက်ရှိလာပြီး ရွာအနောက်တွင် နုံးတန်းကျေးရွာမှ အသက် ၆၀ ကျော် အရွယ် ဦးဆန်းဝင်းကို ပစ်သတ်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ယင်းမာပင်နှင့် ပုလဲမြို့နယ် အစပ်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

​”နေ့လယ်ပိုင်းကြီး စစ်ခွေးစစ်ကြောင်းက ရုတ်တရက် ဝင်လာတော့ ဘာမှမယူနိုင်ဘဲ ပြည်သူ‌တွေ ထွက်ပြေးခဲ့ရတယ်။ မီးရှို့ဖျက်ဆီးခံရမှုကြောင့် အိမ်ခြေ ၄၀ ဆုံးရှုံးသွားရတဲ့အပြင် ကျေးရွာအတွင်းမှာရှိတဲ့ အခြားသော ပိုင်ဆိုင်မှုတွေလည်း ပျက်စီး ဆုံးရှုံးတယ်။ လက်ရှိမှာ စစ်ကြောင်းက ပြန်ထွက်သွားပေမယ့် စားနပ်ရိက္ခာတို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်။ မေလ ၆ ရက်နေ့မှာပဲ အဲစစ်ခွေးစစ်ကြောင်းက ရင်ပေါင်တိုင်ရွာကို ရောက်လာပြီး နုံးတန်းကျေးရွာက အသက် ၆၀ ကျော် အရွယ် ဦးဆန်းဝင်းကိုလည်း ရက်ရက် စက်စက် ပစ်သတ်ခဲ့တယ်” ဟု အညာမြေပုလဲအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် ယင်းမာပင်မြို့နယ် နှင့် ပုလဲမြို့နယ်တစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က ဆက်လက် စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုစွာ နေထိုင်နေရကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article