27.5 C
Yangon

ကော့ကရိတ်မြို့နယ်ရှိ စစ်တပ်စခန်းများကို ကိုယ်ပိုင်ထုတ်လုပ်သည့် ရော့ကတ်များဖြင့် စမ်းသပ်တိုက်ခိုက်၊ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ မေ ၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အနောက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများကို မွန်ပြည်ကာကွယ်ရေးတပ် (MSDF) က ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်ထားသည့် ရော့ကတ် (Rocket) များဖြင့် စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလအတွင်း ကော့ကရိတ်မြို့နယ်အနောက်ခြမ်းရှိ စစ်ကောင်စီတပ်များကို ပစ်မှတ်ထား၍ ကိုယ်ပိုင်ထုတ်လုပ်ထားသော ရော့ကတ်များဖြင့် ၁၁ ကြိမ်တိုင်တိုင် စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု သိရှိရသည်။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ တာဝန်ရှိသူက “ကျနော်တို့ MSDF အနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကြိုးစားလုပ်ဆောင်နေပါတယ်။ ရလာတဲ့ Rocket တွေကို အသုံးပြုပြီး အကြမ်း ဖက်စစ်တပ်စခန်းတွေကို ပစ်မှတ်ထားကာ စစ်ဆင်ရေး မစ်ရှင်တွေကို အခွင့်အရေးရရင် ရသလို ဖော်ဆောင်နေပါတယ်။ ရှေ့ဆက်ပြီးလည်း လုပ်ဆောင်နေတာရှိပါတယ်။ အဲဒီလိုဖော်ဆောင်တဲ့ မစ်ရှင်တွေမှာ အတွင်းသတင်းအရ ထိခိုက်တွေရှိတယ်လို့ သတင်းရထားပါတယ်”ဟု ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ Reapper GALON Column နှင့် ပူးတွဲကာ ရော့ကတ်ထုတ်လုပ်ရေးနှင့် ပစ်ခတ်တိုက်ခိုက်ရေး နည်းပညာများကို သွားရောက်သင်ယူခဲ့ခြင်းဖြစ်သည်။ အဆိုပါနည်းပညာများကို အခြေခံ၍ လက်တွေ့လေ့ကျင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article