27.5 C
Yangon

စင်ကာပူနိုင်ငံ၏ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုကြောင့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်တပ်နိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင် တက်ခွင့်ပြုရေး ထိုင်းနိုင်ငံ၏ အဆိုပြုချက် ကျရှုံး ပျက်စီး

Must read

🟥 အွန်လိုင်းမှတစ်ဆင့်သာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာစစ်တပ်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံမည်

ရန်ကုန်၊ မေ ၉

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးကို လူကိုယ်တိုင် တက်ရောက်ခွင့်ပြုရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်မှာ စင်ကာပူနိုင်ငံ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် ကျရှုံးသွားကြောင်း Mainichi Japan သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

မေလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကိုယ်စားလှယ်ကို လူကိုယ်တိုင် လာရောက်တက်ရောက်ခွင့်ပြုရန် တင်ပြခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ယင်းအဆိုပြုချက်ကို အပြင်းအထန် ကန့်ကွက်ခဲ့သည့်အတွက် ထိုင်းနိုင်ငံ၏ ကြိုး ပမ်းမှုမှာ လက်တွေ့ဖြစ်မလာဘဲ ပျက်စီးသွားခဲ့ရသည်။

ယင်းကဲ့သို့ ကန့်ကွက်မှုများရှိခဲ့သောကြောင့် ယခုမေလအတွင်း ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီဘက်မှ လူကိုယ်တိုင် တက်ရောက်ခွင့်မရရှိဘဲ အစီအစဉ်များ ပျက်ပြယ်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် လာမည့် ဇူလိုင်လတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနှင့် ဗီဒီယိုစနစ် (Virtual) ဖြင့်သာ သီးခြားတွေ့ဆုံသွားရန် သဘောတူညီခဲ့ကြသည်။

ယင်းတွေ့ဆုံမှုမှာလည်း အာဆီယံထိပ်သီးပင်မအစည်းအဝေးကြီးသို့ တက်ခွင့်ပေးခြင်း မဟုတ်ဘဲ မြန်မာ့အရေးကိုသာ သီးသန့်ဆွေးနွေးမည့် သီးခြားအစီအစဉ် (Sideline Event) တစ်ခုအဖြစ်သာ ကျင်းပသွားမည် ဖြစ်သည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကိုယ်စားလှယ်ကို ဇူလိုင်လတွင် အွန်လိုင်းမှတစ်ဆင့် သီးသန့်ဆွေးနွေးပွဲတွင် ပါဝင်စေမည့်အချက်အပေါ် အခြားအဖွဲ့ဝင်နိုင်ငံများက ကန့်ကွက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

အာဆီယံသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်များကို အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သော် လည်း ပြီးခဲ့သည့်လတွင် ဖွဲ့စည်းလိုက်သော အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သည့် အမည်ခံ အစိုးရနှင့် ထိတွေ့ဆက်ဆံမှု ပုံစံအသစ်ကို စတင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

သို့သော်လည်း အာဆီယံအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီကို ဆက် လက်တိုက်တွန်းထားဆဲ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article