26.1 C
Yangon

စစ်အာဏာသိမ်းမှု ၅ နှစ်ကြာပြီးနောက် မြန်မာနိုင်ငံတွင် ဘက်ပေါင်းစုံ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး ပညာရေးနှင့်ကျန်းမာရေးစနစ် ပျက်စီးလုနီးပါးဖြစ်နေရပြီဟု ကာဒီနယ် ချားလ်စ်မောင်ဘို ပြော

Must read

ရန်ကုန်၊ မေ ၁၂

မြန်မာနိုင်ငံသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး အပါအဝင် ကဏ္ဍစုံတွင် တစ်ပြိုင်တည်း အကျပ် အတည်းများ ဆိုက်ရောက်နေကြောင်း မြန်မာနိုင်ငံ၏ ခရစ်ယာသာသနာ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက ဩစတြေးလျနိုင်ငံသို့ ရောက်ရှိစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ကာဒီနယ်သည် ပြီးခဲ့သည့်အပတ်က ဆစ်ဒနီမြို့တွင် ကျင်းပသည့် ဩစတြေးလျ ကက်သလစ်ဆရာတော်ကြီးများ ညီလာခံသို့ တက်ရောက်ခဲ့ပြီး၊ မေလ ၈ ရက်နေ့က မိန့်ခွန်းပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့် သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာခြင်းနှင့်အတူ လူပေါင်း ၃.၅ သန်းကျော်မှာ စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဆရာတော်က ရှင်းပြသည်။ ထို့အပြင် အခြေခံကျန်းမာရေးနှင့် ပညာရေးစနစ်များမှာလည်း လုံးဝပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားလာသည့် ပြည်တွင်းစစ်ကြောင့် လူပေါင်း ၇၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ဗုဒ္ဓဘာသာဝင် အများစုရှိသည့် မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင် အများအပြား ပါဝင်သည့် လူနည်းစုမျိုးနွယ်စုများမှာလည်း စစ်ဘေးဒဏ်ကို အပြင်းအထန် ခံစားနေကြရသည်။

ရန်ကုန်အခြေစိုက် ကာဒီနယ် ချားလ်စ်မောင်ဘိုမှာ စစ်အာဏာသိမ်းကာလ ခရစ်စမတ်နေ့များတွင် အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြား၍ ခရစ်စမတ်ပွဲအခမ်းအနား အတူတက်ခြင်း၊ လက်ဆောင်ပေးခြင်း၊ ခရစ်ယာန်ဘာသာရေးဆုတောင်းပွဲများသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းများကြောင့် ဝေဖန်မှုများ ခံနေရသူလည်းဖြစ်သည်။

(Crux တွင် မေလ ၁၁ ရက်နေ့ ဖော်ပြထားသော Myanmar experiencing ‘polycrisis’ five years after military coup ကို ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article