26.2 C
Yangon

ရန်ကုန်တိုင်းအတွင်း ကျားဖြန့် များ လက်ခံခဲ့မှုအတွက် တိုင်းမှူးဖြစ်ခဲ့သော လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ပြည့်စုံလင်းကို လနှင့်ချီ စစ်ဆေးမေးမြန်းနေပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်လျှင် ရာထူးမှ ရပ်နားခံရဖွယ်ရှိဟုဆို

Must read

ရန်ကုန်၊ မေ ၁၃

ရန်ကုန်တိုင်းအတွင်း ကျားဖြန့် တရုတ်လက်ခံခဲ့မှုအတွက် တိုင်းမှူးဖြစ်ခဲ့သော စစ်တပ်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ပြည့်စုံလင်းကို လနှင့်ချီ စစ်ဆေးမေးမြန်းနေပြီး အပြစ်ရှိပါက ရာထူးမှ ရပ်နားခံရဖွယ်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ရန်ကုန်တိုင်းတိုင်းမှူးအဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ပြည့်စုံလင်းကို ကျားဖြန့်တရုတ်များကို ရန်ကုန်တိုင်းအတွင်း လက်ခံခဲ့သော အမှုအတွက် တာဝန်ရှိသည်ဟုဆိုကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ဧပြီလဆန်းပိုင်းမှစတင်၍ ယခုအချိန်အထိ စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ စစ်ဆေးနေသော်လည်း မူလရာထူးတွင်ပင် ဆက်လက်ထားရှိဆဲဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ခြင်းမရှိဘဲ ရပ်ဆိုင်းထားကြောင်း သိရှိရသည်။

“မင်္ဂလာဒုံမှာ ဖမ်းမိတဲ့ ကျားဖြန့် တရုတ်ဂိုဏ်းကိစ္စအတွက် စရဖတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိုက်ထွန်းနဲ့ ဗိုလ်မှူး ဝင်းကျော်ဦးကို ဖမ်းဆီးစစ်နေတာမှာ ရန်ကုန်တိုင်းတိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ် ပြည့်စုံလင်းမှာ တာဝန်ရှိတယ်ဆိုပြီး စစ်ဆေးနေတာပါ။ အခုနောက်ဆုံး ရွှေလိပ်ပြာဟိုတယ်မှာ ကျားဖြန့်တရုတ်တွေ လက်ခံမှုအတွက်ပါ သူ့ကို ထပ်ပြီး စစ်ဆေးပါတယ်။ မူလရာထူးမှာတော့ လက်ရှိ ရှိနေဆဲပေမယ့် စုံခုံက အပြစ်ရှိတယ် ဆုံးဖြတ်ရင်တော့ ရာထူးကနေ အနားပေးခံရနိုင်တယ်။ အပြစ်မရှိဘူးဆိုရင်တော့ မူလရာထူးပြန်ရနိုင်တယ်” ဟု စစ်တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ရန်ကုန်မြို့တွင် အခြေစိုက်ထားသော အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ၅ ကြိမ်တိတိ ဖော်ထုတ်အရေးယူခဲ့ပြီး ပါဝင်ခဲ့သော တရုတ်နိုင်ငံသားများနှင့် မြန်မာများကို ဖမ်းဆီးအရေးယူခဲ့သည်။

ရန်ကုန်တိုင်းစစ်တိုင်းမှူး ဖြစ်ခဲ့သူ လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ပြည့်စုံလင်းသည် စစ်တက္ကသိုလ် အပတ်စဥ် ၄၀ ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊​ကျုံကဒါတ်ရွာ ဇာတိဖြစ်ကာ ကမ်းရိုးတန်းတိုင်းမှူး၊ ရန်ကုန်တိုင်းတိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article