26.1 C
Yangon

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံသို့ ရောက်ရှိ

Must read

ရန်ကုန်၊ မေ ၃၁

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မကြာသေးမီကမှ အသစ်ဖွဲ့စည်းလိုက်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေး မှူး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့က သံတမန်ရေးရာ ခရီးစဉ်အဖြစ် ကနေဒါနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရှိရသည်။

အဆိုပါ ခရီးစဉ်တွင် SCEF မှ ဒေါ်ဇင်မာအောင်နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) နိုင်ငံ ခြားရေးဌာန အတွင်းရေးမှူး Saw Nimrod နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး Neineh Plo ၊ NUG ၏ သမ္မတအကြံပေး ဦးကျော်ဇော တို့လည်းပါဝင်​ကြောင်း သိရှိရသည်။

မေလ ၂၉ ရက်နေ့ ကနေဒါနိုင်ငံတွင် SCEF ကိုယ်စားလှယ်အဖွဲ့က Town Hall မီတင်အဖြစ် လူထုနှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

SCEF အနေဖြင့် နိုင်ငံခြားရေးဆိုင်ရာ ကော်မတီဖွဲ့စည်းထားပြီး ယင်းကော်မတီက နိုင်ငံခြားရေးကဏ္ဍနှင့် နိုင်ငံ တကာ ဆက်ဆံရေးကဏ္ဍတွင် အားကောင်းကောင်းဖြင့် စုစုစည်းစည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကနေဒါ နိုင်ငံတွင် SCEF ကိုယ်စားလှယ်အဖွဲ့က Advocacy လုပ်မည်ဖြစ်ပြီး ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယတို့နှင့်လည်း တွေ့ဆုံရန် ပြင်ဆင်နေကြောင်း NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန၏ ပြည်သူမှ ပြည်သူသို့ အစီအစဉ်တွင် ထုတ်ဖော်ပြောဆိုထားသည်။

၂၀၂၆ ခုနှစ် မတ်လအတွင်း ဖွဲ့စည်းခဲ့သော SCEF ကောင်စီတွင် KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article