24.8 C
Yangon

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ၅ ရက်ကြာ တရုတ်နိုင်ငံသို့ သွားရောက်မည်

Must read

ရန်ကုန်၊ ဇွန် ၁၂

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် လာမည့်သီတင်းပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ ၁၂ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုကဏ္ဍများကို တိုးမြှင့်လုပ်ဆောင်ရန် ကတိပြုထားသည့် မင်းအောင်လှိုင်သည် လာမည့် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ကျန့် (Lin Jian) က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် “တရုတ်နိုင်ငံအနေနဲ့ မင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်ကတစ်ဆင့် မြန်မာနိုင်ငံနဲ့အတူ ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်သွားဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဧပြီလအတွင်း သမ္မတရာထူးကို အတင်းအကျပ် ရယူခဲ့ပြီးနောက် အိန္ဒိယ နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီးနောက် ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ စစ်တပ်က မတရားအာဏာသိမ်းခဲ့ပြီးကတည်းက သံတမန်ရေးအရ အထီးကျန်ဖြစ်နေခဲ့ခြင်း ဖြစ် သည်။

အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက စစ်တပ်နှင့် အတိုက်အခံအဖွဲ့အစည်းအမျိုးမျိုး၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article