25.7 C
Yangon

ဆိပ်ဖြူမြို့နယ်တွင် စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၁၇

မကွေးတိုင်း၊ ဆိပ်ဖြူမြို့ပြင်သို့ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (NSP-ပကဖ) ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက် ညနေပိုင်းက ဆိပ်ဖြူမြို့ပေါ်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ၆ ဘီးကားတစ်စီးနှင့် ဗိုလ်ကြီးတစ်ဦး လိုက်ပါလာသည့် အိမ်စီးကားတစ်စီးတို့ကို ဆိပ်ဖြူမြို့အဝင် (နပဲပင်ဖုတ်တက်) အရောက်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦး မျက် မြင်သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ MA-1 အမျိုးအစား သေနတ် ၅ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ MA-5 အမျိုးအစား ပစ္စတိုသေ နတ် ၁ လက်၊ ကျည်အိမ် ၁၈ ခု၊ ၅.၅၆ ကျည် ၂၄၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဖုန်း ၁ လုံး၊ ငွေသား ၅၄၅,၀၀၀ ကျပ်နှင့် မှတ်ပုံတင် ၆ ကတ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် ၂ စီးစလုံးလည်း ပျက်စီးသွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဆိပ်ဖြူမြို့နယ်၊ ဆယ်မိုင်စစ်ဆေးရေးဂိတ်ဘက်မှ စစ်ကူကား ၅ စီး ရောက်ရှိလာခဲ့သော်လည်း တော်လှန်ရေးရဲဘော်များဘက်မှ တစ်စုံတစ်ရာ ထိခိုက်ဒဏ် ရာရရှိမှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း (NSP) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ ၃၊ အမှတ် ၆ တပ်ရင်း (MGY)၊ အမှတ် ၇ တပ်ရင်းနှင့် အမှတ် ၁၇ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article